Zurich Mobile Legends (ZML) Grand Final ၿပိဳင္ပြဲက်င္းပခဲ့

[ Zawgyi ]

Zurich Mobile Legends (ZML) Grand Final ၿပိဳင္ပြဲကို ဇြန္ ၂၀ ရက္က Myanmar Plaza မွာ ညေန ၅ နာရီ ကေန ၈ နာရီအထိျပဳလုပ္ခဲ့ပါတယ္။

အဲဒီ ေနာက္ဆံုးအဆင့္ယွဥ္ၿပိဳင္ပြဲမွာ Ghouls အသင္းကဗိုလ္စြဲခဲ့ၿပီး ဆုေၾကးေငြက်ပ္ ၁၀ သိန္းနဲ႔ Mobile Legends Diamond ၄၈,၀၀၀ ကိုရရွိခဲ့ပါတယ္။ “ဒီပြဲကို၀င္ၿပိဳင္တာက တတိယအႀကိမ္၀င္ၿပိဳင္ျဖစ္တာပါ၊ ေရွ႕က ၿပိဳင္ပြဲႏွစ္ခုလံုးမွာလည္း ကၽြန္ေတာ္တို႔အသင္း ဗိုလ္စြဲခဲ့ဖူးပါတယ္၊ အခုၿပိဳင္ပြဲနဲ႔ပါဆိုရင္ေတာ့ တတိယေျမာက္ႏိုင္ တာျဖစ္ပါတယ္”လို႔ Ghouls အသင္းဝင္တစ္ေယာက္ျဖစ္တဲ့ ကိုဘုန္းျမင့္ၾကည္က ေျပာပါတယ္။ ျပည္တြင္း Mobile e-Sport က႑ကို ဖြ႔ံၿဖိဳးေစဖို႔ အေထာက္အကူျပဳေစဖို႔အတြက္ ရည္ရြယ္ၿပီး ဒီပြဲကို Mobile Legends ကို ထုတ္လုပ္တဲ့ Moonton ကုမၸဏီနဲ႔ ပူးေပါင္းၿပီးေတာ့ လုပ္ခဲ့တာျဖစ္ေၾကာင္း Zurich Marketing Company ရဲ႕ Operation Manager ကိုေဝယံပိုင္က ေျပာပါတယ္။

ေနာက္ဆံုးၿပိဳင္ပြဲမတိုင္ခင္ ႏိုင္ငံအနွံ႔ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕မွာ ၿပိဳင္ပြဲေတြ က်င္းပခဲ့ၿပီး တစ္သင္းစီးကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ “ေနာက္ဆံုးအေနနဲ႔ အသင္း ၁၆ သင္း တက္ေရာက္လာပါတယ္၊ မႏၱေလးကအသင္း ႏွစ္သင္းပါပါတယ္၊ တစ္ျခား ျပည္တို႔၊ မံုရြာ၊ ပုသိမ္၊ လားရိွဴး၊ ေမာ္လၿမိဳင္စတဲ့ ၿမိဳ႕ ႀကီးေတြကေနတစ္သင္းစီ တက္ေရာက္လာပါတယ္” လို႔ ကိုေဝယံပိုင္ကေျပာပါတယ္။ ေနာက္ဆံုး အဆင့္ၿပိဳင္ပြဲမွာ ၁၆ သင္း တက္ေရာက္လာၿပီးေတာ့ Ghouls အသင္းက ဗိုလ္စြဲခဲ့ကာ Team Resolution က ဒုတိယရရွိခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

Zurich Mobile Legends (ZML) Grand Final ပြိုင်ပွဲကို ဇွန် ၂၀ ရက်က Myanmar Plaza မှာ ညနေ ၅ နာရီ ကနေ ၈ နာရီအထိပြုလုပ်ခဲ့ပါတယ်။

အဲဒီ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲမှာ Ghouls အသင်းကဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေကျပ် ၁၀ သိန်းနဲ့ Mobile Legends Diamond ၄၈,၀၀၀ ကိုရရှိခဲ့ပါတယ်။ “ဒီပွဲကိုဝင်ပြိုင်တာက တတိယအကြိမ်ဝင်ပြိုင်ဖြစ်တာပါ၊ ရှေ့က ပြိုင်ပွဲနှစ်ခုလုံးမှာလည်း ကျွန်တော်တို့အသင်း ဗိုလ်စွဲခဲ့ဖူးပါတယ်၊ အခုပြိုင်ပွဲနဲ့ပါဆိုရင်တော့ တတိယမြောက်နိုင် တာဖြစ်ပါတယ်”လို့ Ghouls အသင်းဝင်တစ်ယောက်ဖြစ်တဲ့ ကိုဘုန်းမြင့်ကြည်က ပြောပါတယ်။ ပြည်တွင်း Mobile e-Sport ကဏ္ဍကို ဖွ့ံဖြိုးစေဖို့ အထောက်အကူပြုစေဖို့အတွက် ရည်ရွယ်ပြီး ဒီပွဲကို Mobile Legends ကို ထုတ်လုပ်တဲ့ Moonton ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ လုပ်ခဲ့တာဖြစ်ကြောင်း Zurich Marketing Company ရဲ့ Operation Manager ကိုဝေယံပိုင်က ပြောပါတယ်။

နောက်ဆုံးပြိုင်ပွဲမတိုင်ခင် နိုင်ငံအနှံ့မြို့ကြီး ၁၀ မြို့မှာ ပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး တစ်သင်းစီးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ “နောက်ဆုံးအနေနဲ့ အသင်း ၁၆ သင်း တက်ရောက်လာပါတယ်၊ မန္တလေးကအသင်း နှစ်သင်းပါပါတယ်၊ တစ်ခြား ပြည်တို့၊ မုံရွာ၊ ပုသိမ်၊ လားရှိူး၊ မော်လမြိုင်စတဲ့ မြို့ ကြီးတွေကနေတစ်သင်းစီ တက်ရောက်လာပါတယ်” လို့ ကိုဝေယံပိုင်ကပြောပါတယ်။ နောက်ဆုံး အဆင့်ပြိုင်ပွဲမှာ ၁၆ သင်း တက်ရောက်လာပြီးတော့ Ghouls အသင်းက ဗိုလ်စွဲခဲ့ကာ Team Resolution က ဒုတိယရရှိခဲ့ပါတယ်။

-အောင်သက်ကို