Zurich Mobile Legends ၿပိဳင္ပြဲက်င္းပမည္

[Zawgyi]

Zurich Mobile Legends Myanmar Cup (ZML Cup) 2018 ၿပိဳင္ပြဲက်င္းပမယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕အပါအ၀င္ ၿမိဳ႕ (၁၀) ၿမိဳ႕မွာ ဇြန္လအတြင္းက်င္းပမွာျဖစ္ေၾကာင္း၊ ၿပိဳင္ပြဲအဖြဲ႔၀င္ ေတြကို ဧၿပီနဲ႔ေမလအတြင္းက အြန္လိုင္းမွတ္ပံုတင္စနစ္နဲ႔လက္ခံခဲ့တာျဖစ္ၿပီး လက္ရွိမွာ ၿမိဳ႕ ၁၀ ၿမိဳ႕က အသင္းေပါင္း ၁၅၀ ခန္႔၊ ယွဥ္ၿပိဳင္သူဦးေရ ၇၅၀ ခန္႔ပါ၀င္မွာျဖစ္ေၾကာင္း သိရပါတယ္။ ရန္ကုန္မွ ေျခာက္သင္း၊ မႏၱေလးမွ ႏွစ္သင္း၊ ေတာင္ႀကီးမွ တစ္သင္း၊ ေမာ္လၿမိဳင္မွ တစ္သင္း၊ ပဲခူးမွ တစ္သင္း၊ လာရိႈးမွတစ္သင္း၊ မေကြးမွတစ္သင္း၊ မံုရြာမွတစ္သင္း၊ ျပည္မွတစ္သင္း၊ ပုသိမ္မွ တစ္သင္းစီကိုရံႈးထြက္ပြဲစဥ္ေတြနဲ႔ေရြးခ်ယ္မွာ ျဖစ္ေၾကာင္းသိရပါတယ္။ ကြာတားဖိုင္နယ္က်င္းပၿပီး ေနာက္ဆံုးပြဲစဥ္ကိုရန္ကုန္ၿမိဳ႕၊ ျမန္မာပလာဇာမွာ ဇြန္ (၂၃) ရက္မွာက်င္းပ မွာျဖစ္ပါတယ္။

ဆုေတြကေတာ့ Champion Prize အျဖစ္ က်ပ္ ၁၀ သိန္းနဲ႔ Mobile Legends Diamonds 48000, 2nd Prize အျဖစ္ က်ပ္ ၈ သိန္းနဲ႔ Mobile Legends Diamonds 24000, 3rd Prize အျဖစ္ က်ပ္ ၅ သိန္းနဲ႔ Mobile Legends Diamonds 12000, 4th Prize အျဖစ္ Mobile Legends Diamonds 6000, 5th Prize မွ 8th Prize အထိ တစ္ဆုကို Mobile Legends Diamonds ၃၀၀၀ စီရရွိမယ္လို႔သိရပါတယ္။ ၿပိဳင္ပြဲအေသးစိတ္ကို zurichmobilelegendsmyanmar ေဖ့စ္ဘုတ္စာမ်က္ႏွာမွာၾကည့္ႏိုင္တယ္လို႔သိရပါတယ္။

-ထြန္းထြန္း

 

[Unicode]

Zurich Mobile Legends Myanmar Cup (ZML Cup) 2018 ပြိုင်ပွဲကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အပါအဝင် မြို့ (၁၀) မြို့မှာ ဇွန်လအတွင်းကျင်းပမှာဖြစ်ကြောင်း၊ ပြိုင်ပွဲအဖွဲ့ဝင် တွေကို ဧပြီနဲ့မေလအတွင်းက အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့လက်ခံခဲ့တာဖြစ်ပြီး လက်ရှိမှာ မြို့ ၁၀ မြို့က အသင်းပေါင်း ၁၅၀ ခန့်၊ ယှဉ်ပြိုင်သူဦးရေ ရ၅၀ ခန့်ပါ၀င်မှာဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မှ ခြောက်သင်း၊ မန္တလေးမှ နှစ်သင်း၊ တောင်ကြီးမှ တစ်သင်း၊ မော်လမြိုင်မှ တစ်သင်း၊ ပဲခူးမှ တစ်သင်း၊ လာရှိုးမှတစ်သင်း၊ မကွေးမှတစ်သင်း၊ မုံရွာမှတစ်သင်း၊ ပြည်မှတစ်သင်း၊ ပုသိမ်မှ တစ်သင်းစီကိုရှုံးထွက်ပွဲစဉ်တွေနဲ့ရွေးချယ်မှာ ဖြစ်ကြောင်းသိရပါတယ်။ ကွာတားဖိုင်နယ်ကျင်းပပြီး နောက်ဆုံးပွဲစဉ်ကိုရန်ကုန်မြို့၊ မြန်မာပလာဇာမှာ ဇွန် (၂၃) ရက်မှာကျင်းပ မှာဖြစ်ပါတယ်။

ဆုတွေကတော့ Champion Prize အဖြစ် ကျပ် ၁၀ သိန်းနဲ့ Mobile Legends Diamonds 48000, 2nd Prize အဖြစ် ကျပ် ၈ သိန်းနဲ့ Mobile Legends Diamonds 24000, 3rd Prize အဖြစ် ကျပ် ၅ သိန်းနဲ့ Mobile Legends Diamonds 12000, 4th Prize အဖြစ် Mobile Legends Diamonds 6000, 5th Prize မှ 8th Prize အထိ တစ်ဆုကို Mobile Legends Diamonds ၃၀၀၀ စီရရှိမယ်လို့သိရပါတယ်။ ပြိုင်ပွဲအသေးစိတ်ကို zurichmobilelegendsmyanmar ဖေ့စ်ဘုတ်စာမျက်နှာမှာကြည့်နိုင်တယ်လို့သိရပါတယ်။