ZTE Blade 20 Pro 5G ကို တရားဝင် မိတ်ဆက်

အများမျှော်လင့်နေတဲ့အတိုင်းပဲ ZTE ဟာ Blade 20 Pro 5G ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 765G ပါဝင်ပြီး ကိုယ်ထည်အထူ ၇.၉ မီလီမီတာ dual-glass ကိုယ်ထည် ပါဝင်ပါတယ်။

မျက်နှာပြင် အရွယ်အစားက ၆.၄၇ လက်မ မျက်နှာပြင်ကွေး AMOLED display နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ ရေစက် notch ထဲမှာ 20MP selfie ကင်မရာ ပါဝင်လာပါတယ်။ Blade 20 Pro 5G မှာလည်း under-display fingerprint scanner ပါဝင်လာပါတယ်။ ကျောဘက် ထောင့်မှန်စတုဂံထဲမှာ အဓိက ကင်မရာ 64MP အပြင် 8MP ultrawide lens နဲ့ macro နဲ့ depth အတွက် 2MP ၂ ခု ပါဝင်လာပါတယ်။

ဘက်ထရီပမာဏကတော့ 4,000mAh ပါဝင်ပြီး Qualcomm ရဲ့ Quick Charge 4+ လည်းပါဝင်လာပါတယ်။ Storage ကတော့ 128GB ကို RAM 8GB microSD ကတ်စိုက်နိုင်ပါတယ်။ ဖုန်းမှာ Android 10 အခြေခံ ZTE ရဲ့ MiFavor 10 interface အသုံးပြုထားပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««