ZTE အေပၚ ကုန္သြယ္ခြင့္ပိတ္ပင္မႈကုိ အေမရိကန္ စတင္ဖယ္ရွား

[ Zawgyi ]

အေမရိကန္ ကုန္သြယ္ေရးဌာနဟာ ZTE အေပၚ သံုးလနီးပါး ကုန္သြယ္ခြင့္ပိတ္ပင္ၿပီးေနာက္ ပိတ္ဆို႔မႈရဲ႕တစ္စိတ္တစ္ပုိင္းကို ယာယီအေနနဲ႔ ဖယ္ရွားလိုက္ၿပီျဖစ္ပါတယ္။

ZTE ဟာ ဒဏ္ေၾကးေငြ ေဒၚလာ ၁ ဘီလ်ံ ေပးေဆာင္ရၿပီးေနာက္ အေမရိကန္မွာ လူသုံးကုန္ အီလက္ထေရာနစ္ ထုတ္ကုန္ေတြနဲ႔ နည္းပညာထုတ္ကုန္ေတြ တပ္ဆင္ႏိုင္မယ့္ ခြင့္ျပဳခ်က္ ျပန္လည္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ ZTE အေနနဲ႔ အေျခခံအေဆာက္အဦကုိ ျပန္လည္ လည္ပတ္လုပ္ေဆာင္ႏိုင္ၿပီး ဖုန္းေတြအျပင္ အျခားထုတ္ကုန္ေတြအတြက္လည္း လုံၿခဳံေရး patch ေတြ ေပးႏိုင္ၿပီ ျဖစ္ပါတယ္။

အေမရိကန္အေနနဲ႔ ZTE အေပၚ ကုန္သြယ္ခြင့္ပိတ္ပင္ထားတာကို ယာယီအျဖစ္ ၾသဂုတ္လ ၁ ရက္အထိ ေျဖေလွ်ာ့ေပးခဲ့ပါတယ္။ အဲဒီေနာက္ပုိင္းမွာ အေမရိကန္အေနနဲ႔ ဘယ္လိုဆုံးျဖတ္မလဲဆိုတာကိုေတာ့ မထုတ္ျပန္ေသးပါဘူး။ ဒါေပမဲ့ ZTE အေနနဲ႔ အေမရိကန္အစိုးရနဲ႔ ျပဳလုပ္ထားတဲ့ သေဘာတူညီခ်က္အတိုင္း ကုန္သြယ္ခြင့္ပိတ္ဆို႔မႈကို လုံးဝဖယ္ရွားဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

ZTE ဟာ အီရန္နဲ႔ ေျမာက္ကုိရီးယားဆီ ကုန္ပစၥည္းေတြတင္ပုိ႔ခဲ့ၿပီး အေမရိကန္ရဲ႕ စီးပြားေရးပိတ္ဆို႔မႈ ဥပေဒအေပၚ ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ျပစ္ဒဏ္အျဖစ္ ဧၿပီလမွာ ကုန္သြယ္ခြင့္ ပိတ္ပင္ခံခဲ့ရတာ ျဖစ္ပါတယ္။ ZTE လုပ္ငန္းေတြဟာ လြန္ခဲ့တဲ့ႏွစ္လေက်ာ္က ကုန္သြယ္ခြင့္ပိတ္ပင္ခံရၿပီးေနာက္ ရပ္ဆုိင္းသြားခဲ့ပါတယ္။ ZTE အေနနဲ႔ လုပ္ငန္းလည္ပတ္ၿပီး ထုတ္ကုန္ေရာင္းခ်ဖို႔ လုိအပ္တဲ့ အစိတ္အပိုင္းေတြနဲ႔ software ေတြကို မရယူႏိုင္ခဲ့ပါဘူး။

အေမရိကန္ကုန္သြယ္ေရးဌာနရဲ႕ အမိန္႔ေၾကာင့္ ZTE ဟာ လုပ္ငန္းေတြကို တစ္စိတ္တစ္ပုိင္းသာ ျပန္လည္ လည္ပတ္ႏုိင္ပါေသးတယ္။ ဒါ့အျပင္ ျပန္လည္ထိန္းသိမ္းမႈနဲ႔ သုံးစြဲသူေတြရဲ႕ အက်ိဳးအျမတ္အပုိင္းေတြအေပၚ အနည္းအက်ဥ္းပဲ ျပဳလုပ္ႏိုင္ေသးသလို ထုတ္ကုန္သစ္ေတြကုိ ထုတ္လုပ္တပ္ဆင္ႏိုင္ျခင္းလည္း မရွိေသးပါဘူး။ တစ္ခုလုံးၿခဳံေျပာရရင္ ZTE အေပၚ ကုန္သြယ္ခြင့္ပိတ္ပင္မႈဟာ ဆက္လက္ရွိေနပါေသးတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

အမေရိကန် ကုန်သွယ်ရေးဌာနဟာ ZTE အပေါ် သုံးလနီးပါး ကုန်သွယ်ခွင့်ပိတ်ပင်ပြီးနောက် ပိတ်ဆို့မှုရဲ့တစ်စိတ်တစ်ပိုင်းကို ယာယီအနေနဲ့ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

ZTE ဟာ ဒဏ်ကြေးငွေ ဒေါ်လာ ၁ ဘီလျံ ပေးဆောင်ရပြီးနောက် အမေရိကန်မှာ လူသုံးကုန် အီလက်ထရောနစ် ထုတ်ကုန်တွေနဲ့ နည်းပညာထုတ်ကုန်တွေ တပ်ဆင်နိုင်မယ့် ခွင့်ပြုချက် ပြန်လည်ရရှိခဲ့ပါတယ်။ ဒါကြောင့် ZTE အနေနဲ့ အခြေခံအဆောက်အဦကို ပြန်လည် လည်ပတ်လုပ်ဆောင်နိုင်ပြီး ဖုန်းတွေအပြင် အခြားထုတ်ကုန်တွေအတွက်လည်း လုံခြုံရေး patch တွေ ပေးနိုင်ပြီ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ZTE အပေါ် ကုန်သွယ်ခွင့်ပိတ်ပင်ထားတာကို ယာယီအဖြစ် သြဂုတ်လ ၁ ရက်အထိ ဖြေလျှော့ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ZTE အနေနဲ့ အမေရိကန်အစိုးရနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီချက်အတိုင်း ကုန်သွယ်ခွင့်ပိတ်ဆို့မှုကို လုံးဝဖယ်ရှားဖို့ မျှော်လင့်နေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

ZTE ဟာ အီရန်နဲ့ မြောက်ကိုရီးယားဆီ ကုန်ပစ္စည်းတွေတင်ပို့ခဲ့ပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေအပေါ် ချိုးဖောက်ခဲ့တဲ့အတွက် ပြစ်ဒဏ်အဖြစ် ဧပြီလမှာ ကုန်သွယ်ခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ZTE လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့နှစ်လကျော်က ကုန်သွယ်ခွင့်ပိတ်ပင်ခံရပြီးနောက် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ZTE အနေနဲ့ လုပ်ငန်းလည်ပတ်ပြီး ထုတ်ကုန်ရောင်းချဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ software တွေကို မရယူနိုင်ခဲ့ပါဘူး။

အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ အမိန့်ကြောင့် ZTE ဟာ လုပ်ငန်းတွေကို တစ်စိတ်တစ်ပိုင်းသာ ပြန်လည် လည်ပတ်နိုင်ပါသေးတယ်။ ဒါ့အပြင် ပြန်လည်ထိန်းသိမ်းမှုနဲ့ သုံးစွဲသူတွေရဲ့ အကျိုးအမြတ်အပိုင်းတွေအပေါ် အနည်းအကျဉ်းပဲ ပြုလုပ်နိုင်သေးသလို ထုတ်ကုန်သစ်တွေကို ထုတ်လုပ်တပ်ဆင်နိုင်ခြင်းလည်း မရှိသေးပါဘူး။ တစ်ခုလုံးခြုံပြောရရင် ZTE အပေါ် ကုန်သွယ်ခွင့်ပိတ်ပင်မှုဟာ ဆက်လက်ရှိနေပါသေးတယ်။

စိုးထက်
Ref: TheVerge