ZTE စမတ်ဖုန်းသစ်တွင် 5,000mAh ဘက်ထရီပါဝင်မည်ဟုဆို

အသစ်ထွက်မယ့် စမတ်ဖုန်းတစ်မျိုးနဲ့ပတ်သက်ပြီး ZTE က ဗီဒီယိုကြော်ငြာတစ်ခု ဖြန့်ချိခဲ့ပါတယ်။ ZTE India ရဲ့ တရားဝင် Twitter account ပေါ်ကနေထွက်ပေါ်လာခဲ့တဲ့ အဲ့ဒီဗီဒီယိုမှာ စမတ်ဖုန်းရဲ့ နာမည်ကို မဖော်ပြခဲ့ပေမယ့် ဒီဇိုင်းပိုင်းကို ပြသခဲ့ပါတယ်။

ဗီဒီယိုကြော်ငြာမှာ ဖော်ပြခဲ့တဲ့ အဲ့ဒီဟန်းဆက်ကို ZTE Blade A610 Plus လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မယ့် feature က 5,000mAh ဘက်ထရီ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ကောလာဟလအနေနဲ့ ထွက်ပေါ်ခဲ့တဲ့ အခြားအချက်အလက်တွေကတော့ ၅.၅ လက်မ 1080p display, MediaTek MT6750T SoC, 2GB/16GB memory configuration, 13MP/8MP camera combo, 4G VoLTE support နဲ့ Android Marshmallow OS တို့ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီဟာ အိန္ဒိယမှာကျင်းပမယ့် ဖေဖော်ဝါရီ ၃ ရက် ပွဲအတွက် ဖိတ်ကြားစာများပေးပို့ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ Blade A610 Plus ကို တွေ့မြင်ရဖို့ရှိပါတယ်။

Ref: GSMArena