ZTE ကုန္သြယ္ခြင့္ပိတ္ပင္မႈ ႐ုပ္သိမ္းရန္ အေမရိကန္သမၼတနဲ႔ တ႐ုတ္အစိုးရ လက္တြဲေဆာင္ရြက္ေန

[Zawgyi]

၂၀၁၆ ခုႏွစ္မွာ အေမရိကန္က အီရန္အေပၚခ်မွတ္ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈကို ZTE က ခ်ိဳးေဖာက္ခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။ ZTE ဟာ ကုမၸဏီအမ်ိဳးမ်ိဳးက တစ္ဆင့္ အေမရိကန္ကေန အီရန္ကို နည္းပညာထုတ္ကုန္ေတြ ေရာင္းခ်ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံအတြင္းက supply chain စီးပြားဖက္အားလုံးနဲ႔ ZTE အၾကား ကူးလူးဆက္သြယ္မႈကို ျဖတ္ေတာက္ပစ္မယ္လို႔ အေမရိကန္ကုန္သြယ္ေရးဌာနက ၿခိမ္းေျခာက္ခဲ့ၿပီး ေဒၚလာဘီလ်ံနီးပါး ဒဏ္ေၾကးေပးေဆာင္ရမယ့္ အေျခအေနကို ZTE ကေရွာင္လႊဲႏိုင္ခဲ့ပါတယ္။

ZTE အေနနဲ႔ အီရန္နဲ႔ကုန္သြယ္စဥ္ကပါဝင္တဲ့ ဝန္ထမ္းတခ်ိဳ႕ရဲ႕ စည္းကမ္းပုိင္းဆိုင္ရာ သေဘာတူညီခ်က္ကုိ မလိုက္နာခဲ့ဘူးလို႔ ကုန္သြယ္ေရးဌာနက ေျပာၾကားခဲ့ပါတယ္။ အဲဒီေျပာၾကားခ်က္ ထြက္ေပၚအၿပီး ၿပီးခဲ့တဲ့လမွာ ZTE အေပၚ စီးပြားေရးျပဳလုပ္ခြင့္ ပိတ္ပင္ခဲ့ပါတယ္။ အခုလုိပိတ္ဆုိ႔မႈေၾကာင့္ ကုမၸဏီအေနနဲ႔ အထိနာခဲ့ပါတယ္။

ZTE ဟာ ကုန္သြယ္ေရးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္ေနစဥ္မွာ စီးပြားေရးလည္ပတ္မႈအမ်ားစု ရပ္ဆိုင္းသြားခဲ့ပါတယ္။ ဒီေန႔မနက္မွာေတာ့ ZTE ရဲ႕ supply chain ပိတ္ဆို႔မႈကို ဖယ္ရွားဖို႔ တ႐ုတ္နဲ႔အတူ လက္တြဲေဆာင္ရြက္ေနတယ္လို႔ ထရမ့္က tweet တစ္ခုနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

အဲ့ဒီ tweet ဟာ အေမရိကန္သမၼတက ZTE နဲ႔ပတ္သက္တဲ့အေၾကာင္းကို အမ်ားျပည္သူအေပၚ ပထမဆုံးအႀကိမ္ထုတ္ျပန္တဲ့ ေၾကညာခ်က္ျဖစ္ပါတယ္။ အေမရိကန္ကုန္သြယ္ေရးဌာနနဲ႔ ေငြတိုက္ဦးစီးဌာနေတြကေတာ့ အခုပိတ္ဆို႔မႈကိုဖယ္ရွားဖုိ႔အတြက္ လုံးဝလက္မခံဘူးလို႔ သိရပါတယ္။

စိုးထက္
Ref: AndroidPolice

===============

[Unicode]

၂၀၁၆ ခုနှစ်မှာ အမေရိကန်က အီရန်အပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ZTE က ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ZTE ဟာ ကုမ္ပဏီအမျိုးမျိုးက တစ်ဆင့် အမေရိကန်ကနေ အီရန်ကို နည်းပညာထုတ်ကုန်တွေ ရောင်းချခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်းက supply chain စီးပွားဖက်အားလုံးနဲ့ ZTE အကြား ကူးလူးဆက်သွယ်မှုကို ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်ကုန်သွယ်ရေးဌာနက ခြိမ်းခြောက်ခဲ့ပြီး ဒေါ်လာဘီလျံနီးပါး ဒဏ်ကြေးပေးဆောင်ရမယ့် အခြေအနေကို ZTE ကရှောင်လွှဲနိုင်ခဲ့ပါတယ်။

ZTE အနေနဲ့ အီရန်နဲ့ကုန်သွယ်စဉ်ကပါဝင်တဲ့ ဝန်ထမ်းတချို့ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ သဘောတူညီချက်ကို မလိုက်နာခဲ့ဘူးလို့ ကုန်သွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီပြောကြားချက် ထွက်ပေါ်အပြီး ပြီးခဲ့တဲ့လမှာ ZTE အပေါ် စီးပွားရေးပြုလုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အခုလိုပိတ်ဆို့မှုကြောင့် ကုမ္ပဏီအနေနဲ့ အထိနာခဲ့ပါတယ်။

ZTE ဟာ ကုန်သွယ်ရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေစဉ်မှာ စီးပွားရေးလည်ပတ်မှုအများစု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ ZTE ရဲ့ supply chain ပိတ်ဆို့မှုကို ဖယ်ရှားဖို့ တရုတ်နဲ့အတူ လက်တွဲဆောင်ရွက်နေတယ်လို့ ထရမ့်က tweet တစ်ခုနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ tweet ဟာ အမေရိကန်သမ္မတက ZTE နဲ့ပတ်သက်တဲ့အကြောင်းကို အများပြည်သူအပေါ် ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာနနဲ့ ငွေတိုက်ဦးစီးဌာနတွေကတော့ အခုပိတ်ဆို့မှုကိုဖယ်ရှားဖို့အတွက် လုံးဝလက်မခံဘူးလို့ သိရပါတယ်။

စိုးထက်
Ref: AndroidPolice