Zoom အစားထိုး အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု (၅)ခု

ကမ္ဘာတစ်ဝန်း ကို ရိုနာဗိုင်းရပ်စ် ကပ်သင့်နေတာကြောင့် လူအများစုဟာ နေအိမ်တွင်းမှာ နေထိုင်ကြပြီး အလုပ်တွေလုပ်ကိုင်နေကြပါတယ်။ လူအများစုက COVID-19 အကျပ်အတည်းကာလအတွင်း ဗီဒီယိုကွန်ဖရင့်နဲ့ သတင်းလွှင့်တင်ဖို့ Zoom ကိုအသုံးပြုနေကြပါတယ်။ ဒါပေမဲ့ Zoom ဟာတစ်ကိုယ်ရေလုံခြုံမှုကို ချိုးဖောက်နေသလို လုံခြုံရေးအားနည်းချက်လည်းရှိပါတယ်။ ဒါကြောင့် Zoom ကိုအသုံးမပြုလိုသူတွေအနေနဲ့ အခြား အလားတူ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။

Twitch

ဂိမ်မာတွေက ပရိသတ်တွေနဲ့ မျက်နှာပြင်တွေကို ဝေမျှနိုင်ဖို့ Twitch ထွက်ပေါ်လာပါတယ်။ Twitch မှာရုပ်သံထုတ်လွှင့်ဖို့ set up လုပ်နိုင်တဲ့ အသုံးဝင် feature ၃ခုပါဝင်လာပါတယ်။ Twitch ကိုအခမဲ့ အသုံးပြုနိုင်ပြီး app ဒါမှမဟုတ် ဝက်ဘ် browser ကနေတစ်ဆင့် ထပ်ဆင့်ထုတ်လွှင့်နိုင်ပါတယ်။

 

Google Hangouts Meet

Google ဟာဗီဒီယိုခေါ်ဆိုမှုအတွက် ဝန်ဆောင်မှု ၂ခုကို ထုတ်လုပ်ထားပါတယ်။ Duo ကတော့ တစ်ဦးချင်းသုံး ဝန်ဆောင်မှုဖြစ်ကာ Hangouts Meet ကတော့ လုပ်ငန်းပိုင်းအတွက် အသုံးပြုနိုင်ပါတယ်။ Google ဟာ G Suite သုံးစွဲသူတွေအတွက် အဆင့်မြင့် feature တွေကို ဖြန့်ချိပေးခဲ့ပါတယ်။ ခေါ်ဆိုမှုတစ်ခုအတွင်း လူ ၂၅၀ အထိ ပါဝင်နိုင်ပြီး အစည်းအဝေးကို မှတ်တမ်းတင်နိုင်ပါတယ်။

Skype

Skype ဟာအဖွဲ့လိုက် ဗီဒီယိုခေါ်ဆိုနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။ အဖွဲ့လိုက် ခေါ်ဆိုမှုမှာ လူ ၅၀အထိ ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့လိုက် screen-sharing လုပ်နိုင်ပြီး Keynote ဒါမှမဟုတ် PowerPoint သရုပ်ပြသမှုအပြင် ဗီဒီယိုတွေကိုလည်း stream လုပ်နိုင်တယ်။

WhatsApp

သင့်အနေနဲ့ အဖွဲ့သေးသေးလေးနဲ့ စကားပြောဆိုလိုရင် Facebook ရဲ့ WhatsApp ကိုအသုံးပြုသင့်ပါတယ်။ WhatsApp ဟာဗီဒီယိုခေါ်ဆိုမှုကို ၄ဦးအထိ ပြုလုပ်နိုင်ပါတယ်။ ပါဝင်မယ့်လူတွေရဲ့ ဖုန်းနံပါတ်ကိုတော့ ဝေမျှထားဖို့ လိုပါမယ်။

Houseparty

Houseparty ဟာ platform အမျိုးမျိုးမှာ အသုံးပြုနိုင်တဲ့ ဗီဒီယို chat app တစ်ခုဖြစ်ပါတယ်။ Houseparty ကို iOS, Mac, Android နဲ့ Chrome မှာအသုံးပြုနိုင်ပါတယ်။ Houseparty မှာ အစည်းအဝေးတွေနဲ့ လင့်ခ်တွေကို set up လုပ်စရာမလိုဘဲ virtual hangoust space ကိုပြုလုပ်ရပါတယ်။ ပြီးရင် သူငယ်ချင်းက အွန်လိုင်းပေါ် ရှိတဲ့အခါapp ကတစ်ဆင့် သတိပေးချက်တွေရရှိပါမယ်။ သုံးစွဲသူက ဝင်ရောက်ပြီး စကားပြောနိုင်ပါတယ်။ အခြားလူတွေကို ဖိတ်ကြားနိုင်ပြီး သူငယ်ချင်းအသစ်လည်း ရရှိလာပါမယ်။

-စိုးထက်
Ref: CultofMac