Zoom သင်ကြားရေးအတွက် အသုံးဝင်တဲ့ Overviewer

Zoom ကနေ စာသင်ကြားနေတဲ့ ဆရာ/ဆရာမတွေအတွက် စာရွက်စာတမ်းတွေ အလွယ်တကူပြနိုင်မယ့် app တစ်ခု ရှိနေပါပြီ။

Developer ချာလီချက်မန်းဖန်တီးတဲ့ Overviewer https://apps.apple.com/app/id1528900395 ကတော့ ဖုန်းကင်မရာပေါ်မှာ ပြလိုတဲ့ စာရွက်စာတမ်းကို ပြပေးပါမယ်။ Overviewer app ကိုတော့ iOS မှာပဲ အသုံးပြုနိုင်ပါမယ်။ Overviewer ကတော့ ပုံနှိပ်ထားတဲ့ စာရွက်စာတမ်း၊ စာအုပ်၊ လက်ရေးနဲ့ အခြားပုံတွေ ပြနိုင်ဖို့ ထုတ်ကုန်အပို မရှိသူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ စာသင်တဲ့သူတွေက COVID ကြောင့် အိမ်ကနေ စာသင်နေရတာကြောင့် စာသင်ခန်းထဲမှာလိုမျိုး ကိရိယာအပြည့်အစုံ မရှိပါဘူး။

Zoom ရဲ့ screen sharing လုပ်ဆောင်ချက်ကနေ Overviewer ကို အသုံးပြုနိုင်ပါတယ်။ iPhone ကို ကွန်ပျူတာနဲ့ Lightning ကြိုး ဒါမှမဟုတ် AirPlay ကတစ်ဆင့် ချိတ်ဆက်ပြီးလည်း Overviewer app နဲ့တွဲဖက် အသုံးပြုနိုင်ပါတယ်။ Zoom အနေနဲ့ Android သုံးစွဲသူအတွက် ထောက်ပံ့မထားသေးပါဘူး။

Zoom ဟာ ဖုန်းကင်မရာက ပုံရိပ်ကို ရှင်းလင်းစွာ ပြပေးနိုင်ပါတယ်။ Overviewer app အလုပ်လုပ်ပုံကို အောက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြပေးထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««