
Zoom ဟာ နာရီပေါင်းများစွာ ကြာရှည် ဖြစ်ပွားခဲ့တဲ့ ပြတ်တောက်မှုကို ဖြေရှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Zoom ဟာ အရှေ့ပိုင်းအချိန် နံနက် ၉ နာရီမတိုင်ခင် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး သုံးစွဲသူအများအပြားဟာ Zoom.us ဝက်ဘ်ဆိုက်ကို ဝင်လို့ မရခဲ့ပါဘူး။ Zoom Meeting တွေနဲ့ Webinars ကိုလည်း မစတင်နိုင်ခဲ့ပါဘူး။
If you're having trouble connecting to Zoom, we have identified the issue and are working on a fix. Please follow https://t.co/aqz5nSoQRw for updates. We're so sorry about the inconvenience.
— Zoom (@zoom_us) August 24, 2020
“သုံးစွဲသူတွေအနေနဲ့ Zoom ဝက်ဘ်ဆိုက်ထဲ ဝင်မရတာကြောင့် Zoom Meeting နဲ့ Webinar တွေ မလုပ်နိုင်တာ သိရပါတယ်။ ပြဿနာကို ပြင်ဆင်ဖို့ ကြိုးစားနေတယ်” လို့ Zoom ကထုတ်ပြန်ခဲ့ပါတယ်။
အရှေ့ပိုင်းအချိန် နေ့လယ် ၁ နာရီမှာ ပြဿနာကို ဖြေရှင်းလိုက်ပြီလို့ Zoom ကပြောခဲ့ပါတယ်။ Zoom ပြတ်တောက်မှုက သုံးစွဲသူအနည်းငယ်အပေါ်ပဲ သက်ရောက်မှုရှိခဲ့ပါတယ်။ တချို့သုံးစွဲသူတွေက Zoom ခေါ်ဆိုမှု အလုပ်ဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ တချို့ကျတော့လည်း ပုံမှန်ပြုလုပ်နေကျ Zoom Meeting တွေမပြုလုပ်နိုင်ဘူးလို့ ပြောထားကြပါတယ်။
-စိုးထက်
Ref: TechCrunch
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««