ZMI 4G Mobile Wi-Fi Router Power bank

ZMI ကထုတ်တဲ့ ZMI 4G Mobile Wi-Fi Router နဲ့ Power bank ပါဝင်တဲ့ ပစ္စည်းအသစ် ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ Router အနေနဲ့သာမက ဖုန်းအားသွင်းခြင်း အတွက်ပါအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းတစ်လုံးအရွယ်အစားလောက်သာရှိပြီး အလေးချိန်ကလည်း ၃၅၀ ဂရမ်သာ ရှိပါတယ်။ 4G ရော 3G ပါ အသုံးပြုနိုင်ပြီး Max. LAN Data Rate: 150Mbs အထိ ရရှိမှာဖြစ်ပါတယ်။ Wi-Fi Supported Frequency က 2.4G ဖြစ်ပါတယ်။ LTE Download Speed က 150Mbps အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ထည့်သွင်းအသုံးပြုရမယ့် SIM က Micro SIM အမျိုးအစားဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ device ၈ လုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Power Bank အနေနဲ့ ဆိုရင် 7800 mAh နဲ့ 10000 mAh ဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Micro-USB 2.0 fast charging စနစ်ပါဝင်ပါတယ်။ တန်ဖိုးက 7800 mAh ကို ၆၀,၀၀၀ ကျပ်ဖြစ်ပြီး 10000mAh အတွက်ကို ၈၅,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Showroom (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ