Zhiyun-Tech WEEBILL-S Handheld Gimbal Stabilizer

DSLR ကင်မရာ၊ Mirrorless ကင်မရာတွေနဲ့ ဗီဒီယိုရိုက်ကူးရာမှာ တပ်ဆင် အသုံးပြုနိုင်မယ့် Zhiyun-Tech WEEBILL-S Handheld Gimbal Stabilizer ဖြစ်ပါတယ်။ ယခင်မော်ဒယ်လ်ဖြစ်တဲ့ WEEBILL LAB ရဲ့ အပေါ်အောက်တို့မှ လိုသလို ကိုင်တွယ်နိုင်တဲ့ ဒီဇိုင်းကို ထည့်သွင်းထားပြီး ပိုမိုကျစ်လျစ်သိပ်သည်းတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားသလို အခြားစွမ်းဆောင်ချက် အသစ်တွေလည်း ပါရှိပါတယ်။အနောက်ဘက်ရှိ လက်ကိုင်ပါဝင်တဲ့အတွက် မိမိအဆင်ပြေတဲ့ အနေအထားကို အလွယ်တကူ ပြောင်းပြီး ကိုင်တွယ်နိုင်ပါတယ်။အဆင့်မြှင့်ပေးထားတဲ့ မော်တာတွေနဲ့ ပိုမိုတည်ငြိမ်မှုရရှိမှာဖြစ်ပြီး Canon 5D Mark IV + 24-70mm lens ကိုတင်ပြီး ကောင်းမွန်စွာထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ဝင်ရိုး ၃ ခုစလုံးမှာ ၃၆၀ ဒီကရီလှုပ်ရှားနိုင်တဲ့ Full-Range POV Mode နဲ့ Vortex Mode တို့ပါဝင်သလို အလေးချိန်နဲ့လိုက်လျောညီထွေစွာချိန်ညှိပေးနိုင်တဲ့ Intelligent Auto-Tune ပါဝင်ပါတယ်။ ZY Play App ကို အသုံးပြုပြီး iOS သုံး Android OS သုံး စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး Follow Speed , Focus နဲ့ Zoom တို့ကို ထိန်းချုပ်နိုင်ပါတယ်။ 2600mAh ဘက်ထရီထောက်ပံ့ပေးထားလို့ Gimbal ကို ၁၄ နာရီအထိ အသုံးပြုနိင်ပါတယ်။

အရွယ်အစားက 30 x 19 x 14 cm ဖြစ်ပြီး အလေးချိန်က 0.926 kg အလေးချိန်ရှိပါတယ်။ တန်ဖိုးက ၃၅၉,၀၀၀ ကျပ်ဖြစ်ပါတယ်။ Image Camera & Accessories Store ဖုန်း ၀၉-၂၅၃၆၃၆၆၉၉ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««