Zhiyun Smooth XS smartphone stabilizer

ဈေးနှုန်းသင့်တင့်ပြီး အသုံးပြုရလွယ်ကူတဲ့ အမျိုးအစားသစ် Zhiyun Smooth XS smartphone stabilizer ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးကို အသုံးပြုပြီး မှတ်တမ်းတင် ရုပ်သံရိုက်ကူးခြင်း၊ Vlog ရိုက်ကူးခြင်းများ အတွက် အထောက်အကူပြု mobile stabilizer အမျိုးအစား ဖြစ်ပါတယ်။ Selfie stick အနေနဲ့လည်း ၁၀.၂ လက်မအရှည်အထိ ဆွဲဆန့်ကာ အသုံးပြုနိုင်ပါတယ်။ ပိုထူးခြားတာက Joystick ပေါ်က ခလုတ်တွေကို လက်နဲ့ နှိပ်စရာ မလိုတော့ဘဲ လက်ဟန် အမူအရာနဲ့ စမတ်ဖုန်းကိုထိန်းချုပ်ပြီး selfie ရိုက်ခြင်းနဲ့ Video start/stop တွေကို စေခိုင်းနိုင်မှာဖြစ်တယ်။ Wireless Protocol က Bluetooth 5.0 ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းစွာနဲ့ လည်ပတ်စေတဲ့စနစ်ကြောင့် လူတိုင်းအတွက် အသုံးပြုနိုင်မယ့် gimbal ဖြစ်ပါတယ်။ iOS ရော Android OS တွေမှာပါ အသုံးပြုနိုင်မှာပါ။ SmartFollow 2.0 Auto Subject Tracking, One-Touch Beautification Function, SMART Mode Easy Editing Templates စတဲ့ Feature တွေ ထောက်ပံ့ပေးထားတဲ့အတွက် ဓာတ်ပုံ ဗီဒီယို ရိုက်ရာမှာ ပိုမို လွယ်ကူချောမွေ့စေပြီး ပိုမိုကောင်းမွန်တဲ့ Panorama, Slow-Motion နဲ့ Time-Lapse ဓာတ်ပုံ ဗီဒီယိုများကို ဖန်တီးရိုက်ကူးနိုင်မှာပါ။ 2-Axis ဖြစ်ပြီး Roll , Raw နှစ်ခု ထောက်ပံ့ပေးထားကာ Yaw (Pan) အနေနဲ့ 290°, Roll အနေနဲ့ 268° အထိ ရရှိမှာ ဖြစ်ပါတယ်။ အလေးချိန် 200g အထိ တင်ပြီး အသုံးပြုနိုင်မှာပါ။လေးနာရီအကြာ တစ်ခါအားအပြည့်သွင်းထားတဲ့ အခြေအနေမှာ ငါးနာရီခွဲ အထိ အလုပ်လုပ်နိုင်မှာ ဖြစ်သလို power bank နဲ့ချိတ်ပြီးတော့လည်းတောက် လျှောက်ရိုက်ကူးရေးပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ တွဲဖက်သုံးရမယ့် ZY Cami App ကို iOS အနေနဲ့ရော Android အနေနဲ့ပါ အလွယ်တကူ ရယူ သုံးစွဲနိုင်ပါတယ်။

အဖြူရောင်နဲ့ ပန်းရောင် နှစ်မျိုး ဝင်ရောက်ပြီး တန်ဖိုးက ၇၇,၀၀၀ ကျပ် ဖြစ်ပါတယ်။ Royal Camera shop ဖုန်း ၀၁-၈၃၉၈၃၇၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««