
ဟန်းဆက်နဲ့ ဗီဒီယို ရိုက်ကူးချင်တဲ့ ဝါသနာရှင်တွေ ဗီဒီယို ရိုက်ကူးမှုပြုလုပ်ရာမှာ ငြိမ်သက်ပြီး လိုချင်တဲ့ရှုထာင့်ကို လွယ်ကူစွာရွှေ့ကစားနိုင်ဖို့ အသစ်ထွက်ရှိလာတဲ့ Gimbal ဖြစ်ပါတယ်။ ရိုက်ကူးပြီး အသစ်ထွက်ရှိတဲ့ ZY Cami app ကို အသုံးပြုပြီး ဖုန်းထဲမှာ ရုပ်သံတည်းဖြတ်ခြင်း သီချင်းသံနဲ့ sticker များထည့်သွင်းခြင်းတွေကို မိမိစိတ်တိုင်းကျ ဖန်တီးနိုင်မှာဖြစ်ပါတယ်။
1000mAh ဘက်ထရီ ထောက်ပံ့ပေးထားတဲ့အတွက် တစ်ခါအားအပြည့်သွင်းထားရင် ၅ နာရီခွဲအထိ အလုပ်လုပ်နိုင်မှာဖြစ်သလို Powerbank ချိတ်ဆက်ပြီးတော့လည်း ရိုက်ကူးရေး ပြုလုပ်နိုင်မှာဖြစ်ပါတယ် ။Axis အနေနဲ့ 2-Axis (Roll, Yaw) ထောက်ပံ့ပေးထားပါတယ်။ အလေးချိန် ၂၀၀ ဂရမ်အထိသာ တင်ဆောင် အသုံးပြုနိုင်တဲ့အတွက် ဟန်းဆက်နဲ့ ရိုက်ကူးရေးအတွက်သာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Roll Mechanical Range က Standard အနေနဲ့ 285 ° , Pan axis movement angle range က Standard: 300 ° အတွင်း ရိုက်ကူးမှုတွေပြုလုပ်နိုင်မှာပါ။ အရွယ်အစား 254 x 56.9 x 55.88 ဖြစ်ပြီး အလေးချိန် 246g ရှိပါတယ်။ တန်ဖိုးက ခုနစ်သောင်းခုနစ်ထောင်ကျပ် ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း ၀၉ ၅၁၁၃၅၉၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
-ကျော်ဇေယျ