Zhiyun Smooth X mobile gimbal Combo sets

စမတ်ဖုန်းများနဲ့ ဗီဒီယိုရိုက်ကူးရာမှာ လက်တွေ တုန်ခါမှုမှ ကင်းဝေးပြီး ပြေပြစ်တဲ့ ရုပ်ထွက်တွေ ရိုက်ကူးရုံသာမက Mobile ဖုန်းအတွင်း တစ်ပါတည်း Edit လုပ်ရာမှာပါ အသုံးပြုနိုင်တဲ့ Zhiyun Smooth X mobile gimbal Combo sets ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ရုပ်ရှင်ရိုက်ကူးသူတစ်ဦး (သို့) အပျော်တမ်းရုပ်ရှင်ရိုက်ကူးခြင်း (သို့) ပြည့်စုံတဲ့ ရိုက်ကူးရေးပစ္စည်းကိရိယာများ မရှိခြင်းအတွက် စိတ်ပူစရာ မလိုအောင် SMOOTH.X ရဲ့ကျွမ်းကျင်တဲ့ နည်းစနစ်များကိုအသုံးပြုပြီး တည် ငြိမ်ဗွီဒီယိုများကို စမတ်ဖုန်းတစ်ခုတည်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Axes အနေနဲ့ 2-Axis (Roll, Yaw) နှစ်ခု ပါ၀င်ပြီး Rotation Range အနေနဲ့က Yaw (Pan): 300° Roll: 285° အထိ လှည့်ပတ် ရိုက်ကူးနိုင်ပါတယ်။ ဘက်ထရီအနေနဲ့ 1000 mAh ဘက်ထရီ ထောက်ပံ့ပေးထားတဲ့အတွက် တစ်ခါအားအပြည့်သွင်းထားတဲ့ အခြေအနေများမှာ ၅ နာရီခွဲအထိ အလုပ်လုပ်နိုင်မှာဖြစ်သလို powerbank နဲ့ တွဲချိတ်ပြီးတော့လည်း တောက် လျှောက်ရိုက်ကူးရေးပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အသစ်ထွက်ရှိတဲ့ ZY Cami app ကိုအသုံးပြုပြီး ဖုန်းထဲမှာ ရုပ်သံတည်းဖြတ်ခြင်း သီချင်းသံနဲ့ sticker များ ထည့်သွင်းခြင်းများ မိမိစိတ်တိုင်းကျ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းအရွယ်အစား 50 ကနေ 90 mm အရွယ်ရှိ စမတ်ဖုန်းတွေ အသုံးပြုနိုင်မှာ ဖြစ်ပြီး အလေးချိန်အနေနဲ့ 200g အထိ တင်ဆောင် အသုံးပြုနိုင်မှာပါ။

တန်ဖိုးကခြောက်သောင်းရှစ်ထောင်ကျပ်ဖြစ်ပြီး Royal Camera shop ဖုန်း ၀၁-၈၃၉၈၃၇၀ ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««