Zeyar Wiki

[ Zawgyi ]


-ရဲထွဋ်ဝင်း

[ Unicode ]

ဇေယျာရွှေမြေ (စစ်ကိုင်းတိုင်းဒေသကြီး) ရဲ့ အချက်အချာဖြစ်တဲ့ မုံရွာအပါဝင် ဒေသတစ်ခုလုံးရဲ့ အချက်အလက်တွေကို ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ခရီးသွား၊ အရေးပေါ်အစရှိတဲ့ လိပ်စာ၊ ဖုန်းနံပါတ် အကြောင်းအရာတွေကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် မုံရွာမြို့အနီးတစ်ဝိုက်ရှိတဲ့ ထင်ရှားကျော်ကြားတဲ့ နေရာတွေကို လည်ပတ်သွားနိုင်ဖို့ လမ်းညွှန်တွေကို ဖတ်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ နောက်ပြီး မုံရွာမြို့ရဲ့ ရာသီဥတုအခြေအနေ၊ ပရိုးမိုးရှင်းပွဲ၊ ရုပ်ရှင်၊ အစားအသောက်၊ ခရီးသွား review စတာတွေနဲ့ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။