Zawgyi Font Installer 2

Android ဖုန်းတွေအတွက် ဇော်ဂျီမြန်မာစာဖောင့် အလွယ်တကူ ထည့်သွင်းနိုင်မယ့် App ဖြစ်ပါတယ်။ Samsung ဖုန်းတွေကို version 2.3 ကနေ 6.0 အထိဖုန်းမှာ Root လုပ်ထားစရာမလိုဘဲ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Oppo, Xiaomi (MIUI ver 8.0), Vivo, Huawei စတဲ့ ဖုန်းတွေကိုလည်း Root လုပ်ထားစရာမလိုဘဲ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေဆိုရင်တော့ ဖုန်းမှာ Root လုပ်ထားရမှာဖြစ်ပြီး App ကနေ သက်ဆိုင်ရာ ဖုန်းအမျိုးအစားအတိုင်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 2.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း