Z စီးရီးဖုန်းသစ်ဖြစ်တဲ့ Z1x ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Vivo

Vivo ဟာ Z1 Pro ကို ဇူလိုင်လမှာ မိတ်ဆက်ထားပြီး အခုအခါမှာတော့ Z1x ကိုလည်း မိတ်ဆက်လိုက်ပါတယ်။

Vivo Z1x မှာ Snapdragon 712 SoC နဲ့ RAM 6GB အသုံးပြုထားပြီး Funtouch OS 9.1 နဲ့အတူ Android Pie ကို အသုံးပြုထားသလို 64GB နဲ့ 128GB စတဲ့ storage ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။ Z1x မှာ ၆.၃၈ လက်မ FHD+ Super AMOLED မျက်နှာပြင်နဲ့အတူ fingerprint reader ကို မျက်နှာပြင်အောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ရှေ့ဘက်က cut-out အတွင်းမှာ 32MP selfie ကင်မရာကို ထည့်သွင်းထားပါတယ်။

ကျောဘက်မှာတော့ အဓိက ကင်မရာ 48MP, 8MP super-wide-angle နဲ့ 2MP depth sensor module တွေ ပေါင်းစပ်ထည့်သွင်းထားပါတယ်။ ကင်မရာကို ဖုန်းရဲ့ဘယ်ဘက်မှာ ထောင့်မှန်ကျကျ ထည့်သွင်းထားပါတယ်။

Z1x ရဲ့ကင်မရာမှာ AI အသုံးပြုထားတဲ့ feature တွေအသုံးပြုထားပါတယ်။ Z1x ကို အပြာနဲ့ ခရမ်းရောင်ဆိုပြီး ထုတ်လုပ်ထားကာ 22.5W vivo FlashCharge ထောက်ပံ့မှုနဲ့အတူ ဘက်ထရီ 4,500mAh ပါဝင်လာပါတယ်။ ဒါ့အပြင် Net Turbo, Center Turbo, AI Turbo နဲ့ Cooling Turbo လိုမျိုး လုပ်ဆောင်ချက်တွေပါဝင်တဲ့ Multi-Turbo feature လည်း ပါဝင်လာပါတယ်။

Vivo Z1x မှာ storage 64GB ဗားရှင်းက ဒေါ်လာ ၂၄၀ ဖြစ်ပြီး storage 128GB ဗားရှင်းကတော့ ဒေါ်လာ ၂၇၀ ကျသင့်မှာ ဖြစ်ပါတယ်။ Vivo Z1x ကို Flipkart နဲ့ ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ စက်တင်ဘာ ၁၃ ရက်ကစပြီး အိန္ဒိယနိုင်ငံအတွင်း ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena