YUFL မှပေးအပ်မည့် ဘွဲ့လက်မှတ်ကတ်ပြားများတွင် QR Code များထည့်သွင်းထားမည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှ ယခုနှစ် အတွက်ပေးအပ်မယ့်ဘွဲ့လက်မှတ် ကတ်ပြားတွေမှာ QR Code တွေ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

“ ဘွဲ့လက်မှတ် ကတ်ပြားကို လုံခြုံရေးအဆင့်မြှင့်ထားတဲ့ စက္ကူတွေပဲသုံးထားပြီး ထိုင်းကုမ္ပဏီတစ်ခုကစီစဉ်ပေးထားပါတယ်။ ဘွဲ့ကတ်တိုင်းမှာ QR Code ပါပြီး တက္ကသိုလ်ရဲ့ Private Server Database မှာ ကိုယ့် ဘွဲ့လက်မှတ်ရဲ့ မှန်ကန်မှုကို QR Code နဲ့စီစစ်နိုင်ပါတယ်။
အလုပ်လျှောက်တာတို့ ပြည်ပပညာသင်သွားတာတို့မှာ ဟိုဘက်အဖွဲ့အစည်း က YUFL ကိုလှမ်းဆက်သွယ်စရာမလိုတော့ဘူးပေါ့” လို့ YUFL ရဲ့ ပါမောက္ခချုပ် ဦးကြည်ရွင်ကပြောပါတယ်။

ဘွဲ့ရရှိတဲ့ စာရင်းတွေကို တက္ကသိုလ်ရဲ့ Private Server Database မှာ အချက်အလက်တွေ စစ်ဆေးနိုင်ရုံမက ကိုယ့်ရဲ့လက်မှတ်မိတ္ထူကိုလည်း PDF နဲ့ download ရယူနိုင်မှာဖြစ်ပါတယ်။ မသက်ဆိုင်သူတွေတစ်လွဲအသုံးမချနိုင်အောင် မူလဘွဲ့ကတ်ရဲ့ Quality ကို Cash paper quality မျိုးရအောင်လုပ်ထားတဲ့အပြင်Database က ကိုယ့်ရဲ့အချက်အလက်များကိုသာမန်လူတွေ Access
မရအောင်စီစဥ်ထားတယ်လို့ သိရပါတယ်။

“ YUFL Database ကို အကြီးကြီးတည်ဆောက်နေပါတယ်။ Student Database, Staff Database, Graduate Database ဆိုပြီး (၃) ပိုင်းပိုင်းထားပါတယ်။Graduate Database မှာ ဘွဲ့ရအားလုံးပါပါမယ်။QR Code နဲ့စစ်နိုင်ပါမယ်။ကျောင်းသားဟောင်းအားလုံးမကြာမီ ၆လ တစ်နှစ်အတွင်းမှာ data ဝင်သွားပါမယ်။ ဒါပေမဲ့ ဒီနှစ်ကစပြီးဘဲ ဘွဲ့လက်မှတ် (ပါချုပ်လက်မှတ်ထိုးအပြီး) တင်ပေးလို့ရပါတယ် “ လို့ ၎င်းက ကျောင်းသားဟောင်းတွေနဲ့ပတ်သက်ပြီး ယခုလို ဆက်လက်ရှင်းပြခဲ့ပါတယ်။

-သန္တာ