YSEALI FuturePreneur Workshop အလုပ်ရုံဆွေးနွေးပွဲ အတွက် လျှောက်လွှာခေါ်ယူ

အရှေ့တောင်အာရှတစ်လွှားက လူငယ်တွေ၊ တက်ကြွတဲ့ခေါင်းဆောင်တွေနဲ့အတူ ဝိုင်ဆီးလီကပြုလုပ်မယ့် YSEALI FuturePreneur Workshop အလုပ်ရုံဆွေးနွေးပွဲအတွက်လျှောက်လွှောခေါ်ယူနေပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို မေ ၃၁ ရက် မှ ဇွန် ၅ ရက် အထိ ဘန်ကောက်မြို့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လျှောက်လွှာတွေကိုတော့ ဇန်နဝါရီ ၂၀ နောက်ဆုံးထားလျှောက်ထားရမှာပါ။ ဆွေးနွေးပွဲ မှာ ပါဝင်သူတွေ အနေနဲ့ အလုပ်ရုံဆွေးနွေးပွဲမတိုင်မီနဲ့ အလုပ်ရုံဆွေးနွေးပွဲလှုပ်ရှားမှုတွေကနေ တစ်ဆင့် မိမိတို့ ပြုလုပ်နေတဲ့ ကိုယ်ပိုင်ပရောဂျက်အိုင်ဒီယာတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းတွေရရှိမှာဖြစ်ပြီး မိမိတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းရဲ့ အရှိန်အဟုန်နဲ့ပြောင်းလဲတိုးတက်မှုဆိုင်ရာ လိုအပ်တဲ့ Skill တွေကိုလဲ ရရှိမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ www.kenan-asia.org/yseali-bkk မှ တစ်ဆင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

-သန္တာ