YPS စနစ်အတွက် ဒုတိယအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၄ ခုရှိ

Yangon Payment Services အတွက် ဒုတိယအဆင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီ စုစုပေါင်း ၁၄ ခုရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ခရီးသွားလာရေးအတွက် ငွေပေးချေမှုစနစ်သစ် Yangon Payment Services အတွက် ဒုတိယအကြိမ် တင်ဒါအောင်မြင်သူ စာရင်းကိုကြေညာ လိုက်တာဖြစ်ပါတယ်။ Request for proposal, Type (A) Turnkey Solution အတွက် ဒုတိယအဆင့်အဖြစ် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ (၇) ခုကတော့ Asia Starmar Transport Intelligent ကုမ္ပဏီ၊ Solution Hub ကုမ္ပဏီ၊ Trusty Family ကုမ္ပဏီ၊ Be One Technical Co., Ltd & Construction, Excel KC Myanmar ကုမ္ပဏီ၊ Capital Connect Limited, Any Pay Payment Services ကုမ္ပဏီတို့ဖြစ်ပါတယ်။ Type (B) Exixting Back End Solition အတွက် ဒုတိယအဆင့်အဖြစ် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ (၇) ခုကတော့ Solutions Hub ကုမ္ပဏီ၊ Creation (Myanmar) ကုမ္ပဏီ၊ Skylark (Consortium) Fintech Myanmar, ABC Telecom ကုမ္ပဏီ၊ Sumitomo Corporation, Any Payment Services ကုမ္ပဏီ၊ Trust Link ကုမ္ပဏီတို့ဖြစ်ပါတယ်။

Request for proposal, Type (A) Turnkey Solution အတွက် ကုမ္ပဏီ ၁၄ ခု တင်သွင်းခဲ့တဲ့အထဲ က ကုမ္ပဏီ (၇) ခုကို တင်ဒါဒုတိယအဆင့် အောင်မြင်တဲ့ကုမ္ပဏီတွေအဖြစ် လူတွေ့စစ်ဆေးနိုင်ဖို့နိုင်ငံ ပိုင်သတင်းစာကနေတစ်ဆင့် ကြေညာထားပါတယ်။ Request for proposal, Type (B) Exixting Back End Solition အတွက် ကုမ္ပဏီ ၁၀ ခုတင်သွင်းခဲ့ပြီး ကုမ္ပဏီ (၇) ခုကို တင်ဒါဒုတိယအဆင့် အောင်မြင်တဲ့ ကုမ္ပဏီအဖြစ် လူတွေ့စစ်ဆေးနိုင်ဖို့ ကြေညာထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့မှ YPS အတွက် တင်ဒါခေါ်ယူခဲ့ရာမှာ တင်ဒါတင်သွင်းသူ ၂၁ ဦးအနက် ဒုတိယအဆင့် တင်ဒါအောင်မြင်သူတွေကို တင်ဒါစိစစ်ကြီးကြပ်ရေး အဖွဲ့ကနေကြေညာလိုက် တာဖြစ်ပါတယ်။

Type (A) အတွက် အင်တာဗျုးကို ဒီဇင်ဘာ ၁၆ ရက်မှာပြုလုပ်မှာဖြစ်ပြီး အသေးစိတ်အချိန်ဇယား နဲ့နေရာတွေကို သက်ဆိုင်ရာ ကုမ္ပဏီကို သီးခြားစီအကြောင်းကြားမယ်လို့ သိရပါတယ်။ Type (B) အတွက် တင်ဒါအင်တာဗျူးကို ဒီဇင်ဘာ ၁၇ ရက်မြှာ ပြုလုပ်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း