
YouTube ပေါ်မှာ Baby Shark သီချင်းကတော့ ကြည့်ရှုသူ ၇.၀၄၃ ဘီလျံ ကျော်လွန်သွားပါတယ်။ Baby Shark ကတော့ ကလေးတွေနှစ်သက်တဲ့ သီချင်းဖြစ်ပြီး အရွယ်ရောက်သူတွေ နှစ်သက်တဲ့ ဗီဒီယိုတွေကို ကျော်တက်ပြီး လူကြည့်အများဆုံး YouTube ဗီဒီယို ဖြစ်လာပါတယ်။
Baby Shark ဟာ လူးဝစ်ဖွန်ဆီနဲ့ ဒယ်ဒီယန်ကီးရဲ့ Despacito သီချင်းဆီက လူကြည့်အများဆုံး YouTube ဗီဒီယို ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူထားတာ ၃ နှစ်ကျော် ရှိလာပြီ။ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက YouTube ရဲ့ အကျော်ကြားဆုံးဗီဒီယို Baby Shark ကိုကြည့်ရှုသူ ၂.၅ ဘီလျံပဲ ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ကြည့်ရှုနှုန်း ၁၈၁ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ အဲဒီအချိန်မှာ Despacity သီချင်းက ကြည့်ရှုမှု ၇.၀၄ ဘီလျံနဲ့ ဦးဆောင်ခဲ့ပါတယ်။
-စိုးထက်
Ref: TheVerge