YouTube ရဲ႕ dark theme ကို Android အတြက္ စတင္ျဖန္႔ခ်ိ

[ Zawgyi ]

YouTube ဟာ ဒီဇိုင္းပုိင္းျပင္ဆင္ထားတဲ့ ဝက္ဘ္ဆိုက္ကုိ ျဖန္႔ခ်ိၿပီးေနာက္ Android နဲ႔ iOS app ေတြအတြက္ dark theme ကုိ တရားဝင္ ျဖန္႔ခ်ိသြားမယ္လို႔ ၿပီးခဲ့တဲ့မတ္လက ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ dark theme ကို iOS အတြက္ ပထမဆုံး ျဖန္႔ခ်ိခဲ့ၿပီး အခုဆိုရင္ Android သုံးစြဲသူေတြအတြက္ စတင္ျဖန္႔ခ်ိလိုက္ပါၿပီ။

Dark theme feature သစ္ဟာ YouTube app ေအာက္ေျခမွာ pop-up အျဖစ္ စတင္ပါဝင္လာတာကုိ သုံးစြဲသူတခ်ိဳ႕ ေတြ႕ႀကဳံခဲ့ရပါတယ္။ အဲဒီ feature ကို ပိတ္ႏိုင္တဲ့ option တစ္ခုပါဝင္ပါတယ္။

အဲဒီ dark theme ကို Settings > General ထဲက “Remind me to take a break” feature ေအာက္မွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဝက္ဘ္ဆိုက္နဲ႔ iOS လိုပဲ YouTube ရဲ႕ dark theme ဟာ အနက္ေရာင္ထက္ မီးခိုးေရာင္ပုိသန္းပါတယ္။ YouTube ရဲ႕ ေနာက္ခံ၊ settings အျပင္ search pages နဲ႔ အျခားအရာေတြအားလုံးမွာ dark theme ကို ထိထိေရာက္ေရာက္ အသုံးျပဳထားပါတယ္။ ဒါ့အျပင္ က်စ္လ်စ္ေသးငယ္တဲ့ minimized video player နဲ႔ tab ေတြအားလုံးမွာလည္း အလားတူပဲ အသုံးခ်ထားပါတယ္။

YouTube ရဲ႕ Channel ေတြမွာ ေရာင္စုံ app bar ေတြကို ထိန္းသိမ္းထားၿပီး dark theme ကုိ ဗီဒီယို page မွာ ထင္ထင္ရွားရွား အသုံးျပဳထားပါတယ္။

စိုးထက္
Ref: 9to5Google

[ Unicode ]

YouTube ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ ဝက်ဘ်ဆိုက်ကို ဖြန့်ချိပြီးနောက် Android နဲ့ iOS app တွေအတွက် dark theme ကို တရားဝင် ဖြန့်ချိသွားမယ်လို့ ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ dark theme ကို iOS အတွက် ပထမဆုံး ဖြန့်ချိခဲ့ပြီး အခုဆိုရင် Android သုံးစွဲသူတွေအတွက် စတင်ဖြန့်ချိလိုက်ပါပြီ။

Dark theme feature သစ်ဟာ YouTube app အောက်ခြေမှာ pop-up အဖြစ် စတင်ပါဝင်လာတာကို သုံးစွဲသူတချို့ တွေ့ကြုံခဲ့ရပါတယ်။ အဲဒီ feature ကို ပိတ်နိုင်တဲ့ option တစ်ခုပါဝင်ပါတယ်။

အဲဒီ dark theme ကို Settings > General ထဲက “Remind me to take a break” feature အောက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်နဲ့ iOS လိုပဲ YouTube ရဲ့ dark theme ဟာ အနက်ရောင်ထက် မီးခိုးရောင်ပိုသန်းပါတယ်။ YouTube ရဲ့ နောက်ခံ၊ settings အပြင် search pages နဲ့ အခြားအရာတွေအားလုံးမှာ dark theme ကို ထိထိရောက်ရောက် အသုံးပြုထားပါတယ်။ ဒါ့အပြင် ကျစ်လျစ်သေးငယ်တဲ့ minimized video player နဲ့ tab တွေအားလုံးမှာလည်း အလားတူပဲ အသုံးချထားပါတယ်။

YouTube ရဲ့ Channel တွေမှာ ရောင်စုံ app bar တွေကို ထိန်းသိမ်းထားပြီး dark theme ကို ဗီဒီယို page မှာ ထင်ထင်ရှားရှား အသုံးပြုထားပါတယ်။

စိုးထက်
Ref: 9to5Google