YouTube ရဲ့ဂိမ်းပေါ်လစီသစ်ကြောင့် ကြမ်းတမ်း ပြင်းထန်တဲ့ဗီဒီယိုတွေ ပိုမိုထွက်ပေါ်လာနိုင်

ဒီဇင်ဘာလ ၂ ရက်မှာ YouTube ဟာ gaming ဗီဒီယိုတွေနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုသစ် ပေါ်လစီသစ်ကို စတင်ကျင့်သုံးလိုက်ပါတယ်။ အဲဒီ ပေါ်လစီသစ်ကြောင့် ကြမ်းတမ်းပြင်းထန်တဲ့ gaming ဗီဒီယိုတင်တဲ့အခါမှာ အသက်ကန့်သတ်မှု ထားရှိတော့မှာ မဟုတ်ပါဘူး။

YouTube ပေါ်လစီသစ်က အနာဂတ် gaming ဗီဒီယိုမှာ ကြိုတင်ထည့်သွင်းထားတဲ့ ကြမ်းတမ်းတဲ့အကြောင်းအရာ ဒါမှမဟုတ် မတော်တဆ ပါဝင်တဲ့ ပြင်းထန်မှုတွေပါဝင်လာရင် အသက်ကန့်သတ်ချက် မရှိတော့ဘဲ တိုက်ရိုက်တင်ခွင့်ပြုမှာပါ။ ဒါကြောင့် ကြမ်းတမ်းပြင်းထန်တဲ့ gaming ဗီဒီယိုတွေကို ကြည့်ရှုဖို့ အသက် ၁၈ နှစ်ပြည့်စရာ မလိုဘဲ လူတိုင်းကြည့်နိုင်ပါမယ်။ Mortal Kombat လိုမျိုး ဂိမ်းဗီဒီယိုတွေဟာ အလွန်ကြမ်းတမ်းပြင်းထန်တဲ့ အသက်ကန့်သတ်ချက် ရှိနိုင်ပါသေးတယ်။

အခုပေါ်လစီသစ်က gaming ဗီဒီယိုအတွင်းက အကြမ်းဖက်မှုအတွက် ကန့်သတ်မှုအနည်းငယ်တော့ ရှိသေးပေမယ့် တကယ့်ဘဝထဲက အကြမ်းဖက်မှုကနေ ပရိသတ်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ YouTube ကရေးသားထားပါတယ်။

ပေါ်လစီသစ်က ကြော်ငြာကဏ္ဍကိုတော့ သက်ရောက်မှုမရှိပါဘူး။ တကယ်လို့ ဗီဒီယိုတွေက ကြော်ငြာရှင်တွေအတွက် အလွန်ပြင်းထန်ကြမ်းတမ်းနေရင် ငွေကြေးရရှိမယ့် အခွင့်အရေးဆုံးရှုံးနိုင်ပါတယ်။

စိုးထက်
Ref: TheVerge