YouTube မှာ အခမဲ့ ထုတ်လွှင့်နေတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် ၁၉ ကား

YouTube နဲ့ MGG တို့က အမေရိကန်က YouTube ရဲ့ “Free to Watch” ကဏ္ဍအတွင်း ပထမဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင် ၁၉ ကားကို အခမဲ့ ထုတ်လွှင့်နေပါတယ်။

အဲဒီ ဇာတ်ကားတွေထဲမှာ Dr.No နဲ့ Goldfinger လိုမျိုး ရှောင်ကွန်နရီဇာတ်ကားတွေကနေ ပီယာဘရော့နန် ဂျိမ်းစ်ဘွန်းလုပ်တဲ့ Goldeneye အထိ ပါဝင်ပါမယ်။ Sony ကထုတ်တဲ့ ဒန်နီရယ်ခရိတ် ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေတော့ မပါဝင်ပါဘူး။ဂျိမ်းစ်ဘွန်းရုပ်ရှင် ၁၉ ကားကိုတော့ ဘယ်အချိန်အထိ အခမဲ့လွှင့်မလဲ မသိပါဘူး။

မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းသရုပ်ဆောင် ရှောင်ကွန်နရီကို ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««