YouTube နဲ႔ ယွဥ္ၿပိဳင္မယ့္ IGTV ကို Instagram ျဖန္႔ခ်ိ

အရင္တုန္းက ဗီဒီယိုေတြကို တစ္မိနစ္ အကန္႔အသတ္နဲ႔ တင္ခြင့္ျပဳခဲ့ေပမယ့္ အခုအခါမွာေတာ့ တစ္နာရီအထိၾကာျမင့္တဲ့ ဗီဒီယိုေတြကို တင္ခြင့္ျပဳလုိက္ၿပီျဖစ္ေၾကာင္း Instagram က ဆန္ဖရန္စစၥကိုၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ ပြဲတစ္ခုမွာ ထုတ္ျပန္ေၾကညာသြားပါတယ္။

ဒါ့အျပင္ သုံးစြဲသူအမ်ားအျပားနဲ႔ Content ဖန္တီးသူေတြဆီက ဗီဒီယိုအရွည္ေတြကုိေဖာ္ျပေပးမယ့္ IGTV ကိုလည္း Instagram က မိတ္ဆက္ခဲ့ပါတယ္။ Instagram homescreen အတြင္း ခလုတ္တစ္ခုနဲ႔ ဗီဒီယိုေတြကို ၾကည့္႐ႈႏိုင္ၿပီး သီးသန္႔ app တစ္ခုနဲ႔လည္း IGTV ကုိ အသုံးျပဳႏိုင္ပါတယ္။ Instagram အေနနဲ႔ ေက်ာ္ၾကားသူေတြဆီက နာမည္ေက်ာ္ ဗီဒီယိုေတြကို IGTV မွာ အသားေပးေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

“အခုအခ်ိန္က ဗီဒီယိုေတြအတြက္ ေရွ႕ေရာက္ေအာင္ေရြ႕ၿပီး တုိးတက္ေအာင္ ျပဳလုပ္ရပါမယ္” လို႔ Instagram အမႈေဆာင္အရာရွိခ်ဳပ္ ကယ္ဗင္လ္ဆိုင္လ္စရြန္းက ေျပာၾကားခဲ့ပါတယ္။ “IGTV ကို သုံးစြဲသူစိတ္ႀကိဳက္ ဗီဒီယိုဖန္တီးသူေတြဆီက ဗီဒီယိုအရွည္ေတြကုိ ၾကည့္ဖို႔အတြက္ ျဖန္႔ခ်ိလုိက္ပါတယ္” လို႔ IGTV နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကုိ Instagram ရဲ႕ business blog မွာေဖာ္ျပထားပါတယ္။

IGTV မွာ လူတိုင္းက content ကိုဖန္တီးႏိုင္ပါတယ္။ သုံးစြဲသူေတြက Instagram ရဲ႕ app ဒါမွမဟုတ္ ဝက္ဘ္ဆုိက္ကတစ္ဆင့္ vertical ဗီဒီယိုေတြကို တင္ႏိုင္မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ Instagram account အသစ္နဲ႔ follower နည္းပါးတဲ့သူေတြကလြဲၿပီး တစ္နာရီၾကာျမင့္တဲ့ ဗီဒီယိုေတြကို လူတိုင္းတင္ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ပုိင္းမွာ အဲဒီ option ကို လူတိုင္းဆီ ျဖန္႔ခ်ိေပးသြားမွာ ျဖစ္ပါတယ္။

မၾကာခင္မွာ IGTV app ကို iOS နဲ႔ Android အတြက္ တစ္ကမၻာလုံး ျဖန္႔ခ်ိသြားပါမယ္။ ဒါမွမဟုတ္ Instagram ရဲ႕ Stories အေပၚဘက္က TV ပုံစံခလုတ္ကိုႏွိပ္ၿပီး ဗီဒီယိုေတြကို ၾကည့္ႏိုင္ပါေသးတယ္။

IGTV ရဲ႕ app ဒါမွမဟုတ္ Instagram အတြင္းမွာ ၾကည့္႐ႈသူေတြက ဗီဒီယိုရွည္ေတြအမ်ိဳးမ်ိဳးကို swipe ျပဳလုပ္ၿပီး ၾကည့္႐ႈႏိုင္ပါတယ္။ ဒါမွမဟုတ္လည္း သုံးစြဲသူေတြ follow ျပဳလုပ္ထားတဲ့ ဗီဒီယိုဖန္တီးသူေတြ၊ နာမည္ေက်ာ္ဗီဒီယိုေတြ၊ သုံးစြဲသူအလိုက္ ရည္ညႊန္းထားတဲ့ Browse tab ကုိသြားဖုိ႔ swipe up ျပဳလုပ္ႏိုင္ပါတယ္။ အရင္က ၾကည့္႐ႈထားတဲ့ ဗီဒီယိုေတြကုိ ဆက္လက္ၾကည့္႐ႈဖို႔ option လည္း ပါဝင္လာပါတယ္။ ဗီဒီယိုအသစ္ေတြ ေရာက္ရွိလာရင္ IGTV ခလုတ္က သုံးစြဲသူေတြကို သတိေပးသြားမွာ ျဖစ္ပါတယ္။

IGTV မွာ ဗီဒီယိုဖန္တီးသူေတြက ဗီဒီယိုအမ်ိဳးမ်ိဳးအတြက္ Instagram Channel ေတြကို ဖန္တီးခြင့္ျပဳထားၿပီး လူေတြက subscribe ျပဳလုပ္ထားႏိုင္ပါတယ္။ ဗီဒီယိုဖန္တီးသူေတြက အျခားလမ္းေၾကာင္းေတြေပၚ ပ်ံ႕ႏွံ႔ေစဖို႔ ဗီဒီယိုေတြရဲ႕ အမ်ိဳးအစားေဖာ္ျပခ်က္အတြင္း လင့္ခ္ေတြကုိ ထည့္သြင္းထားႏိုင္ပါတယ္။

IGTV မွာ ေၾကာ္ျငာမပါဝင္ဘူးလို႔ အမႈေဆာင္အရာရွိခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: TechCrunch

အရင်တုန်းက ဗီဒီယိုတွေကို တစ်မိနစ် အကန့်အသတ်နဲ့ တင်ခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ တစ်နာရီအထိကြာမြင့်တဲ့ ဗီဒီယိုတွေကို တင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Instagram က ဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ထုတ်ပြန်ကြေညာသွားပါတယ်။

ဒါ့အပြင် သုံးစွဲသူအများအပြားနဲ့ Content ဖန်တီးသူတွေဆီက ဗီဒီယိုအရှည်တွေကိုဖော်ပြပေးမယ့် IGTV ကိုလည်း Instagram က မိတ်ဆက်ခဲ့ပါတယ်။ Instagram homescreen အတွင်း ခလုတ်တစ်ခုနဲ့ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပြီး သီးသန့် app တစ်ခုနဲ့လည်း IGTV ကို အသုံးပြုနိုင်ပါတယ်။ Instagram အနေနဲ့ ကျော်ကြားသူတွေဆီက နာမည်ကျော် ဗီဒီယိုတွေကို IGTV မှာ အသားပေးဖော်ပြပေးမှာ ဖြစ်ပါတယ်။

“အခုအချိန်က ဗီဒီယိုတွေအတွက် ရှေ့ရောက်အောင်ရွေ့ပြီး တိုးတက်အောင် ပြုလုပ်ရပါမယ်” လို့ Instagram အမှုဆောင်အရာရှိချုပ် ကယ်ဗင်လ်ဆိုင်လ်စရွန်းက ပြောကြားခဲ့ပါတယ်။ “IGTV ကို သုံးစွဲသူစိတ်ကြိုက် ဗီဒီယိုဖန်တီးသူတွေဆီက ဗီဒီယိုအရှည်တွေကို ကြည့်ဖို့အတွက် ဖြန့်ချိလိုက်ပါတယ်” လို့ IGTV နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို Instagram ရဲ့ business blog မှာဖော်ပြထားပါတယ်။

IGTV မှာ လူတိုင်းက content ကိုဖန်တီးနိုင်ပါတယ်။ သုံးစွဲသူတွေက Instagram ရဲ့ app ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကတစ်ဆင့် vertical ဗီဒီယိုတွေကို တင်နိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာ Instagram account အသစ်နဲ့ follower နည်းပါးတဲ့သူတွေကလွဲပြီး တစ်နာရီကြာမြင့်တဲ့ ဗီဒီယိုတွေကို လူတိုင်းတင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ option ကို လူတိုင်းဆီ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

မကြာခင်မှာ IGTV app ကို iOS နဲ့ Android အတွက် တစ်ကမ္ဘာလုံး ဖြန့်ချိသွားပါမယ်။ ဒါမှမဟုတ် Instagram ရဲ့ Stories အပေါ်ဘက်က TV ပုံစံခလုတ်ကိုနှိပ်ပြီး ဗီဒီယိုတွေကို ကြည့်နိုင်ပါသေးတယ်။

IGTV ရဲ့ app ဒါမှမဟုတ် Instagram အတွင်းမှာ ကြည့်ရှုသူတွေက ဗီဒီယိုရှည်တွေအမျိုးမျိုးကို swipe ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သုံးစွဲသူတွေ follow ပြုလုပ်ထားတဲ့ ဗီဒီယိုဖန်တီးသူတွေ၊ နာမည်ကျော်ဗီဒီယိုတွေ၊ သုံးစွဲသူအလိုက် ရည်ညွှန်းထားတဲ့ Browse tab ကိုသွားဖို့ swipe up ပြုလုပ်နိုင်ပါတယ်။ အရင်က ကြည့်ရှုထားတဲ့ ဗီဒီယိုတွေကို ဆက်လက်ကြည့်ရှုဖို့ option လည်း ပါဝင်လာပါတယ်။ ဗီဒီယိုအသစ်တွေ ရောက်ရှိလာရင် IGTV ခလုတ်က သုံးစွဲသူတွေကို သတိပေးသွားမှာ ဖြစ်ပါတယ်။

IGTV မှာ ဗီဒီယိုဖန်တီးသူတွေက ဗီဒီယိုအမျိုးမျိုးအတွက် Instagram Channel တွေကို ဖန်တီးခွင့်ပြုထားပြီး လူတွေက subscribe ပြုလုပ်ထားနိုင်ပါတယ်။ ဗီဒီယိုဖန်တီးသူတွေက အခြားလမ်းကြောင်းတွေပေါ် ပျံ့နှံ့စေဖို့ ဗီဒီယိုတွေရဲ့ အမျိုးအစားဖော်ပြချက်အတွင်း လင့်ခ်တွေကို ထည့်သွင်းထားနိုင်ပါတယ်။

IGTV မှာ ကြော်ငြာမပါဝင်ဘူးလို့ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: TechCrunch