
Google ဟာ YouTube ပေါ်ကနေ ကြော်ငြာဝင်ငွေဘယ်လောက်ရရှိနေလဲဆိုတာ ထုတ်ပြန်လိုက်ပါတယ်။
Google ဟာ ၂၀၁၉ ခုနှစ်အတွင်း YouTube ကြော်ငြာဝင်ငွေ ဒေါ်လာ ၁၅ ဘီလျံကျော် ရရှိခဲ့ပါတယ်။ ဝင်ငွေပမာဏက Alphabet ရဲ့စုစုပေါင်းဝင်ငွေ ၁၀ ရာခိုင်နှုန်းရှိပြီး YouTube ကရတဲ့ အခြားဝင်ငွေရင်းမြစ် ဖြစ်တဲ့ လစဉ်ကြေး မပါဝင်သေးပါဘူး။
Google ဟာ cloud လုပ်ငန်းတိုးတက်မှု ဝင်ငွေအပြင် ပထမဆုံးအကြိမ် အဖြစ် ဝင်ငွေရရှိမှုကို Alphabet ရဲ့ စတုတ္ထသုံးလပတ် ဝင်ငွေစာရင်းထက် စောပြီး ဖော်ပြခဲ့ပါတယ်။
YouTube ad revenue has almost doubled since 2017. Mind boggling. pic.twitter.com/LgBDav35Id
— Karissa Bell (@karissabe) February 3, 2020
“Search အတွင်း ဆက်လက်တိုးတက်မှုနဲ့ ဧရိယာအသစ်က တိုးတက်လာတဲ့ ကဏ္ဍသစ်၂ ခုကို ကျေနပ်မိပါတယ်။ YouTube ကတော့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၅ ဘီလျံနဲ့ cloud ကတော့ ဒေါ်လာ ၁၀ ဘီလျံ ရရှိထားပါတယ်” လို့ အမှုဆောင်အရာရှိချုပ် ဆန်းဒါပီချိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
YouTube ဟာ ၂၀၁၇ ခုနှစ်တုန်းက ဝင်ငွေ ဒေါ်လာ ၈.၁ ဘီလျံ ရရှိခဲ့ပြီးနောက်ပိုင်း ကြော်ငြာလုပ်ငန်းဟာ တိုးတက်လာပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ကြော်ငြာဝင်ငွေ ဒေါ်လာ ၁၁.၁ ဘီလျံအထိ ရရှိခဲ့ပါတယ်။
ပီချိုင်းက YouTube ရဲ့လစဉ်ကြေးပေးသွင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ YouTube Premium နဲ့ YouTube Music ကို လစဉ်ကြေးပေးသွင်း အသုံးပြုသူ သန်း ၂၀ ကျော်ရှိပြီး YouTube TV ကိုအသုံးပြုသူကတော့ ၂ သန်းရှိပါတယ်။ YouTube ရဲ့ကြော်ငြာမဟုတ်တဲ့ လုပ်ငန်းကနေ ဒေါ်လာ ၃ ဘီလျံ ရှိနေပါတယ်။
စိုးထက်
Ref: Mashable