Young Engineering Yangon Myanmar မှ Free Demostration Classes များဖွင့်မည်

[ Zawgyi ]





-ကောင်းမြတ်ထွန်း

[ Unicode ]

Young Engineering Yangon Myanmar မှ Free Demostration Classes (အခမဲ့ သရုပ်ပြအတန်း) တွေကို ဖွင့်လှစ်သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

အတန်းတွေကို ဇွန်လ ၂၅ ရက်မှ ၂၉ ရက်ထိ သင်ကြားပေးမှာ ဖြစ်ပြီး မနက် ၁၀ နာရီမှ ၁၁ နာရီ ထိလည်းကောင်း နေ့လယ် ၁ နာရီမှ ၄ နာရီထိလည်းကောင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

YEYM တွင် STEM ဘာသာရပ်တွေကို အလွယ်တကူ ကျွမ်းကျင်တတ်မြောက်နိုင်သော Educational Entertainment Program တွေကိုသင်ကြားပေးလျက်ရှိ ပါတယ်။ Free Demostration Classes တွင် YEYM မှ ကလေးများအားသင်ကြားမည့်ပုံစံများနှင့်အတူ ပျော်ရွှင်စွာကစားရင်း သင်ယူနိုင်မည့်ပုံစံများကို အပြည့်အဝလေ့လာနိုင်မှာဖြစ်ပါတယ်။ အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်း မည်သူမဆို တက်ရောက်နိုင်ပြီး အသက် ၆ နှစ်မှ ၉ နှစ်အရွယ်ကလေးများအတွက် Grade 1 to 5 – Brick Challenge Syllabus မှ Course တွေကိုတက်ရောက်နိုင်ပါတယ်။ အသက် ၈ နှစ်မှ ၁၂ နှစ်အရွယ်ကလေးများအတွက် Grade 4 to 8 – Galileo Technic Syllabus မှ Course များကိုတက်ရောက်နိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၉၈၉၉၄၄၈၈၀၁~ ၀၄ ကို ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း