Yoku’s Island Express

[ Zawgyi ]

ကၽြန္ေတာ္တို႔ ငယ္ငယ္က တည္းကကစားခဲ့ဖူးတဲ့ Pinball ဂိမ္းေတြထဲက ေခတ္သစ္ဒီဇိုင္းနဲ႔ ဖန္တီးထားတဲ့ ဂိမ္းသစ္တစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အရင္က Pinball ဂိ္မ္းေတြက အခန္း ဆက္ေျပာင္းလဲမႈ မရွိခဲ့ေပမယ့္ အခု ဂိမ္းမွာေတာ့ ဘယ္၊ ညာ ေရြ႕လ်ားသြားလာႏုိ္င္တယ္။ စြန္႔စားခန္း ဂိမ္းအျဖစ္ ဖန္တီးထားၿပီး ပန္းတိုင္ကိုaရာက္aအာင္ သြားရမယ္။ အဆင့္တစ္ဆင့္ၿပီးတိုင္း Yoku ေလးက သူေရာက္ေနတဲ့ Mokumana ကၽြန္းေလးကို အႏၲရာယ္ၾကားကေန တစ္ခါဆြဲထုတ္လုိက္ႏိုင္မယ့္ေပါ့။
အထူးသျဖင့္ေတာ့ Console နဲ႔ ကစားသူေတြအတြက္ ပိုအဆင္ေျပမယ့္ ဂိမ္းလို႔ဆိုႏုိင္ပါတယ္။ ဖန္တီးထားမႈအေနနဲ႔ေတာ့ Platform အစံုနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားၿပီး Nintendo Switch နဲ႔လည္းရမယ္၊ PS4 နဲ႔ေရာ Xbox One အပါအ၀င္ Wins စနစ္သံုး ကြန္ပ်ဴတာေတြနဲ႔ပါ ရမွာပါ။ ဒါေပမဲ့ ထိန္းခ်ဳပ္ ကစားရမႈ အပိုင္းမွာ ဂိမ္းေသးေလး ဆိုေပမယ့္ အႏုစိတ္ကစားဖို႔ လိုအပ္လို႔ ကြန္ပ်ဴတာန႔ဲ ကစားတာထက္ Console နဲ႔ဆိုရင္ ပိုေကာင္းပါလိမ့္မယ္။

ကစားသူက Yoku ေနရာမွာ ၀င္ကစားရမယ္။ Single အေနနဲ႔တစ္မ်ိဳးပဲ ကစားႏုိင္မွာပါ။ ဘယ္၊ ညာ ေရြ႕လ်ားသြားလာႏုိင္မယ္။ အထက္ကို ခုန္ရမယ့္ ေနရာေတြမွာေတာ့ Pinball တို႔ ထံုးစံအတိုင္းအနီးက ႐ိုက္တံေတြကို အားျပဳၿပီးခုန္ရမွာပါ။ အေသးစိတ္ ကစားလာရမႈက တခ်ိဳ႕ အခန္းေတြမွာ Yoku တစ္ကိုယ္စာ အေပါက္ေလးေတြပဲ ဖန္တီးထားတယ္။ အားျပဳၿပီး ခုန္ထြက္ရတဲ့ အေနအထားမွာ ကြက္တိျဖစ္မွ ေနာက္တစ္ခန္းကို ေရာက္ႏုိင္မွာပါ။ အခန္းဆက္ ဖန္တီးမႈကလည္း ေျမပံုဆန္ဆန္ျဖစ္လုိ႔ တစ္ခန္းၿပီး တစ္ခန္း သြားလာေအာင္ျမင္ေအာင္ ကစားရမွာပါ။

Yoku ဆိုတဲ့ ကစားသူ ဝင္ကစားရမယ့္ ဇာတ္ေကာင္ေလးက Mokumana ဆိုတဲ့ ကၽြန္းေလးအတြင္းမွာ ေရာက္ေနတဲ့ ပိုးေကာင္ေလးျဖစ္ၿပီး သူကေျမတြင္းထဲက ကၽြန္းေပၚကို ႀကိဳးစားတက္ရင္း ဒီကၽြန္းေလးကို အႏၲရာယ္ၾကားကေန ကယ္တင္ရမွာပါ။ တျခားပံုစံတူ ဂိမ္းေတြမွာ ကစားသူက ခုန္ႏုိင္တဲ့ အစြမ္းထည့္ထားတတ္ၾကေပမယ့္ အခုဂိမ္းမွာ ခုန္လို႔မရတဲ့ အခ်က္က မိမိစိတ္ႀကိဳက္ သြားလာႏိုင္မႈကို အားနည္းသြားေစၿပီး ခက္ခဲတဲ့ အခန္းေတြ ကစားရခ်ိ္န္မွာ စိန္ေခၚမႈ တစ္ခုျဖစ္လာေစေတာ့တာပါ။ ခုန္တက္ရမယ့္ ေနရာေတြမွာ Flipper လို ႐ိုက္တံေတြ ထည့္သြင္းထားတယ္၊ ဒီ႐ိုက္တံေတြနဲ႔ စည္းခ်က္ညီ ႐ိုက္ခတ္ေနမႈကို မွန္းဆၿပီး မိမိလိုရာ ေရာက္ေအာင္ ခုန္ႏိုင္ဖို႔ လိုအပ္လာပါတယ္။ Pinball ဂိမ္းေတြထဲမွာေတာ့ အတားအဆီးေရာ ကစားမႈပါ အခက္ခဲဆံုး ဂိမ္းျဖစ္တယ္လုိ႔ GameSpot ကေန မွတ္ခ်က္ေပးတာေတာင္ ခံထားရပါတယ္။

႐ုပ္ထြက္နဲ႔ ဖန္တီးမႈ ဦးစားေပးဂိမ္း မဟုတ္ေပမယ့္ အႏိုင္လိုခ်င္ပါတယ္ဆိုတဲ့ ကစားသူေတြကို ခက္ခဲတဲ့ စိန္ေခၚမႈေတြနဲ႔ ဆြဲေဆာင္ႏိုင္မယ့္ဂိမ္းပါ။ အခု ႏွစ္ ပထမႏွစ္ဝက္အတြင္းမွာ Platform စံုအတြက္ နာမည္ေက်ာ္ ဂိမ္းေပါင္း ၅၀ ေက်ာ္ ထြက္ထားေပမယ့္ Destructoid, GameSpot, IGN နဲ႔ Nintendo Life လိုသံုးသပ္သူေတြ ကိုယ္တိုင္ကေပးမွတ္ ၁၀ မွတ္ အတြက္ ၉ မွတ္စီ ေပးထားၾကၿပီး အခုႏွစ္ထြက္ရွိခဲ့တဲ့ ဂိမ္းေတြထဲမွာ အေကာင္းဆံုး ထိပ္ဆံုး ဂိမ္းဆယ္ခု စာရင္းဝင္ေနတာ တစ္ခ်က္ကေတာ့ စိတ္ႀကိဳက္ျဖစ္စရာပါပဲဗ်ာ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ကျွန်တော်တို့ ငယ်ငယ်က တည်းကကစားခဲ့ဖူးတဲ့ Pinball ဂိမ်းတွေထဲက ခေတ်သစ်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ဂိမ်းသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်က Pinball ဂိ်မ်းတွေက အခန်း ဆက်ပြောင်းလဲမှု မရှိခဲ့ပေမယ့် အခု ဂိမ်းမှာတော့ ဘယ်၊ ညာ ရွေ့လျားသွားလာနို်င်တယ်။ စွန့်စားခန်း ဂိမ်းအဖြစ် ဖန်တီးထားပြီး ပန်းတိုင်ကိုaရာက်aအာင် သွားရမယ်။ အဆင့်တစ်ဆင့်ပြီးတိုင်း Yoku လေးက သူရောက်နေတဲ့ Mokumana ကျွန်းလေးကို အန္တရာယ်ကြားကနေ တစ်ခါဆွဲထုတ်လိုက်နိုင်မယ့်ပေါ့။
အထူးသဖြင့်တော့ Console နဲ့ ကစားသူတွေအတွက် ပိုအဆင်ပြေမယ့် ဂိမ်းလို့ဆိုနိုင်ပါတယ်။ ဖန်တီးထားမှုအနေနဲ့တော့ Platform အစုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပြီး Nintendo Switch နဲ့လည်းရမယ်၊ PS4 နဲ့ရော Xbox One အပါအဝင် Wins စနစ်သုံး ကွန်ပျူတာတွေနဲ့ပါ ရမှာပါ။ ဒါပေမဲ့ ထိန်းချုပ် ကစားရမှု အပိုင်းမှာ ဂိမ်းသေးလေး ဆိုပေမယ့် အနုစိတ်ကစားဖို့ လိုအပ်လို့ ကွန်ပျူတာနဲ့ ကစားတာထက် Console နဲ့ဆိုရင် ပိုကောင်းပါလိမ့်မယ်။

ကစားသူက Yoku နေရာမှာ ၀င်ကစားရမယ်။ Single အနေနဲ့တစ်မျိုးပဲ ကစားနိုင်မှာပါ။ ဘယ်၊ ညာ ရွေ့လျားသွားလာနိုင်မယ်။ အထက်ကို ခုန်ရမယ့် နေရာတွေမှာတော့ Pinball တို့ ထုံးစံအတိုင်းအနီးက ရိုက်တံတွေကို အားပြုပြီးခုန်ရမှာပါ။ အသေးစိတ် ကစားလာရမှုက တချို့ အခန်းတွေမှာ Yoku တစ်ကိုယ်စာ အပေါက်လေးတွေပဲ ဖန်တီးထားတယ်။ အားပြုပြီး ခုန်ထွက်ရတဲ့ အနေအထားမှာ ကွက်တိဖြစ်မှ နောက်တစ်ခန်းကို ရောက်နိုင်မှာပါ။ အခန်းဆက် ဖန်တီးမှုကလည်း မြေပုံဆန်ဆန်ဖြစ်လို့ တစ်ခန်းပြီး တစ်ခန်း သွားလာအောင်မြင်အောင် ကစားရမှာပါ။

Yoku ဆိုတဲ့ ကစားသူ ဝင်ကစားရမယ့် ဇာတ်ကောင်လေးက Mokumana ဆိုတဲ့ ကျွန်းလေးအတွင်းမှာ ရောက်နေတဲ့ ပိုးကောင်လေးဖြစ်ပြီး သူကမြေတွင်းထဲက ကျွန်းပေါ်ကို ကြိုးစားတက်ရင်း ဒီကျွန်းလေးကို အန္တရာယ်ကြားကနေ ကယ်တင်ရမှာပါ။ တခြားပုံစံတူ ဂိမ်းတွေမှာ ကစားသူက ခုန်နိုင်တဲ့ အစွမ်းထည့်ထားတတ်ကြပေမယ့် အခုဂိမ်းမှာ ခုန်လို့မရတဲ့ အချက်က မိမိစိတ်ကြိုက် သွားလာနိုင်မှုကို အားနည်းသွားစေပြီး ခက်ခဲတဲ့ အခန်းတွေ ကစားရချိ်န်မှာ စိန်ခေါ်မှု တစ်ခုဖြစ်လာစေတော့တာပါ။ ခုန်တက်ရမယ့် နေရာတွေမှာ Flipper လို ရိုက်တံတွေ ထည့်သွင်းထားတယ်၊ ဒီရိုက်တံတွေနဲ့ စည်းချက်ညီ ရိုက်ခတ်နေမှုကို မှန်းဆပြီး မိမိလိုရာ ရောက်အောင် ခုန်နိုင်ဖို့ လိုအပ်လာပါတယ်။ Pinball ဂိမ်းတွေထဲမှာတော့ အတားအဆီးရော ကစားမှုပါ အခက်ခဲဆုံး ဂိမ်းဖြစ်တယ်လို့ GameSpot ကနေ မှတ်ချက်ပေးတာတောင် ခံထားရပါတယ်။

ရုပ်ထွက်နဲ့ ဖန်တီးမှု ဦးစားပေးဂိမ်း မဟုတ်ပေမယ့် အနိုင်လိုချင်ပါတယ်ဆိုတဲ့ ကစားသူတွေကို ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ဆွဲဆောင်နိုင်မယ့်ဂိမ်းပါ။ အခု နှစ် ပထမနှစ်ဝက်အတွင်းမှာ Platform စုံအတွက် နာမည်ကျော် ဂိမ်းပေါင်း ၅၀ ကျော် ထွက်ထားပေမယ့် Destructoid, GameSpot, IGN နဲ့ Nintendo Life လိုသုံးသပ်သူတွေ ကိုယ်တိုင်ကပေးမှတ် ၁၀ မှတ် အတွက် ၉ မှတ်စီ ပေးထားကြပြီး အခုနှစ်ထွက်ရှိခဲ့တဲ့ ဂိမ်းတွေထဲမှာ အကောင်းဆုံး ထိပ်ဆုံး ဂိမ်းဆယ်ခု စာရင်းဝင်နေတာ တစ်ချက်ကတော့ စိတ်ကြိုက်ဖြစ်စရာပါပဲဗျာ။

-သက်နိုင်ဦး (UCSL)