YIUS Institute ၏ နိုင်ငံတကာပညာရေးလမ်းကြောင်း အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်မည်

YIUS Institute ၏ နိုင်ငံတကာပညာရေးလမ်းကြောင်း အွန်လိုင်းဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၅ ရက်၊ ညနေ ၅ နာရီမှာ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွဲမှာ YIUS Institute ရဲ့ Program တွေတက်ရောက်အောင်မြင်ပြီး Australia,Singapore,UK, Switzerland, US နိုင်ငံတို့ရဲ့ University အသီးသီးမှာ တက်ရောက်ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ကျောင်းသူများဖြစ်ကြတဲ့ Ma Molly Lim ( Australia/Macquarie University – B.Com,M.Com,CAA ) ၊ ကို ချမ်းပြည့်အောင် ( Singapore/ James Cook University – Bachelor of IT )၊ ကိုရဲသွေးနီ (UK /University of leeds – -BSC Nutrition ) ၊ ကိုသူရသန့်ဇင် ( Switzerland /BHMS Hotel & Hospitality Management ) ၊ ကိုရဲမင်းအောင် ( USA /University of Massachustess Dartmout – Master of Business) တို့က ၎င်းတို့ကိုယ်စားပြုနိုင်ငံတစ်ခုချင်းစီအလိုက် ဆွေးနွေးရှင်းပြပေးသွားမှာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံချင်းစီရဲ Culture and Students life styles တွေ ၊ အစားအသောက်နဲ့ ရာသီဥတုအကြောင်းတွေ၊ အလှအပနဲ့လည်ပတ်စရာနေရာတွေ ၊ ပညာရေးစနစ်ပုံစံနဲ့ လက်ရှိ Pandemic ကာလအတွင်း ပညာသင်ကြားနေတဲ့ အခြေအနေတွေ၊ နေထိုင်စားသောက်စရိတ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ၊ လုံခြုံစိတ်ချရမှုအပိုင်းနဲ့ မိမိတို့ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို တစ်နိုင်ငံချင်းစီအလိုက် လည်ပတ်လေ့လာနေရသလို ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်လေ့လာလိုသူတွေအနေနဲ့ YIUS Institute ဖုန်း – ၀၉၂၆၂၂၂၄၆၄၆ နဲ့ YIUS Institute ရဲ့ Facebook Messenger တို့မှ အခမဲ့စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««