YIUS မှာ Diploma to Degree Program ဘာသာရပ်ကို တက်ရောက်နေသည့် မနှင်းသီရိဇော်၏ Student life

YIUS မှာ Diploma to Degree Program ဘာသာရပ်ကို တက်ရောက်နေတဲ့ မနှင်းသီရီဇော်ရဲ့ Student life ကို ဖော်ပြပေး လိုက်ပါတယ်။

အမည်နဲ့ တက်ရောက်နေတဲ့ အတန်း ကို ပြောပြပါ။

ညီမအမည်ကတော့ နှင်းသီရိဇော်ဖြစ်ပါတယ်။ အခုလက်ရှိ YIUS မှာ Diploma to Degree Program တက်ရောက်နေပါတယ်။

ဘာလို့ဒီဘာသာကို ရွေးချယ်ခဲ့တာလဲ၊ YIUS ကျောင်းကို ရွေးချယ်ဖြစ်ခဲ့ပုံလေး ပြောပြပါဦး။

အစကတည်းက Business ဘာသာရပ်ကို စိတ်ဝင်စားလို့ပါ။ ဒီဘာသာရပ်ကို တက်ရောက်ဖို့ ညီမကျောင်းတွေ လိုက်စုံစမ်းပါတယ်။ အဲဒီမှာ YIUS ကျောင်း အကြောင်းကို သူငယ်ချင်းတွေ ပြောပြလို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စုံစမ်းခဲ့ပါတယ်။ YIUS ရဲ့ သင်ကြားပေးတဲ့ သင်ရိုးညွှန်းတမ်းနဲ့ စာသင်ပုံကို လေ့လာကြည့်ပြီး ကြိုက်နှစ်သက်လို့ ရွေးချယ်ဖြစ်သွားတာပါ။

ကျောင်းတွေ ရွေးချယ်တဲ့နေရာမှာ ဘယ်အချက်တွေ ကြည့်ပြီးရွေးချယ်ခဲ့လဲ။

ကိုယ်တက်ချင်တဲ့ ဘာသာရပ်က ဘယ်ကျောင်းမှာပိုကောင်းလဲ လေ့လာပါတယ်။

YIUS မှာ သင်ကြားပေးတဲ့ သင်ကြားနည်း စနစ်အကြောင်းများ ပြောပြပေးပါဦး။

ကျောင်းသားတွေကို Independent ဖြစ်အောင် train လုပ်ပေးပါတယ်။ ဆရာတွေကပဲ အရှေ့ကဦးဆောင် စာသင်သွားတဲ့ ပုံမဟုတ်ဘဲ အမေးဖြေ ကဏ္ဍတွေရော room discussion နှင့် ကိုယ်တိုင်ကိုယ်ကျ research လုပ်ရတာတွေ ပါဝင်ပါတယ်။

သင်ကြားပေးတဲ့ စာတွေရော ဘယ်လိုလေ့လာခဲ့ပါသလဲ။

ကျောင်းက သင်တဲ့စာတွေကို ညတိုင်း ၁ နာရီ Self-study အနေနဲ့ လုပ်ဖြစ်ပါတယ်။ အားလပ်တဲ့အချိန်တွေမှာတော့ သူငယ်ချင်း တွေနဲ့လည်း Surgery time တို့ဘာတို့ စာအတူတူ လုပ်ဖြစ်ပါတယ်။

သင်တန်းချိန်နဲ့ ဘယ်လောက်ကြာအောင် တက်ရောက်ဖြစ်လဲ ပြောပြပေးပါအုံး။

သင်တန်းက ဒီပလိုမာအတန်း ဖြစ်ပါတယ်။ အဲဒီတော့ Diploma ကတော့ ၉ လ တက်ရောက်ရတာပါ။ သင်တန်းချိန်ကတော့ တနင်္လာကနေ သောကြာနေ့အထိ နေ့တိုင်းတက်ရောက်ရတာပါ။

ကျောင်းစာတွေအပြင် တခြား Activites တွေရော ဘာတွေပြုလုပ်ပေးလဲ။

ဟုတ်ကဲ့၊ ကျောင်းစာအပြင် Teamwork တို့ အခြား Group နဲ့ လုပ်ရတဲ့ Game တချို့တို့ကို ကစားရတော့ပိုပြီး ရင်းနှီးမူ ရစေပါတယ်။

ပြည်ပမှာ ပညာသွားသင် ယူဖို့ကော ရည်ရွယ်ချက်ရှိပါ သလားပြောပြပေးပါဦး။

ဟုတ်ကဲ့ရှိပါတယ်။ သြစတြေးလျနိုင်ငံမှာ သွားသင်ဖို့တော့ ရွေးချယ်ထားပါတယ်။ သွားတက်မဲ့ဘာသာရပ်က ဘယ်ကျောင်းမှာ ကောင်းလဲ သေချာလေ့လာနေပါတယ်။ ကိုယ်ယူမယ့်မေဂျာရဲ့Cost Plan တွေသေချာနားလည်အောင် လေ့လာနေပါတယ်။ ပြီးတော့ ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ရှိလဲ ဆိုတာကိုလည်း လေ့လာနေပါတယ်။

ဒီဘာသာရပ်ကို လေ့လာချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း အကြံဉာဏ် လေးပေးခဲ့ပါဦး။

ဘာသာရပ်တစ်ခုကို လေ့လာသင်ယူဖို့ စိတ်ဝင်စားပြီဆိုရင် အဲဒီ ဘာသာရပ်အကြောင်းကို အသေးစိတ်သိဖို့စုံစမ်းပါ။ ဒီ ဘာသာရပ်နဲ့ ပတ်သက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လောက်ထိ ရှိနိုင်လဲ ဘာတွေရှေ့ဆက်လုပ်ဆောင်နိုင်မလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့လမ်းကို အခြားကိုယ့်ထက် နားလည်တဲ့ မိဘ၊ ဆရာတွေကို မေးမြန်းပြီး ရှေ့ဆက် လုပ်ဆောင်ပါလို့ အကြံဉာဏ်ပေးချင်ပါတယ်။

-သန္တာ