YIU မှ Foundation တက်ရောက်မည့်သူများ SNE သင်တန်းကို အခမဲ့ တက်ရောက်နိုင်မည်

Youth International University မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ကျောင်းဖွင့်ချိန် Foundation တန်းတက်ရောက်မယ့် သူတွေအနေနဲ့ အထူးအစီအစဉ်အဖြစ် SNE (System & Network Essentials) အတန်းကို အခမဲ့ တက်ရောက် ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ SNE အတန်းမှာ Networking ပိုင်းကို စပြီး လေ့လာမယ့်သူများ/ ကွန်ပျူတာ ပညာရပ်ကို စိတ်ဝင်စားသူများ၊ အိုင်တီနည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ Computer Service ပိုင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်လိုသူများ၊ လုပ်ငန်းခွင်တွင် ကွန်ပျူတာကိုင်တွယ်နေရသူများ၊ ကွန်ပျူတာနည်းပညာ လေ့လာနေကြသော ကျောင်းသား/သူများနဲ့ နည်းပညာကို စိတ်ဝင်စားသူများအားလုံး တက်ရောက်သင့်သော အတန်းဖြစ်တယ်လို့ သိရပါတယ်။

ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဘွဲ့ နဲ့ စီးပွါးရေးစီမံခန့်ခွဲမှုပညာဘွဲ့တွေကို လေ့လာသင်ကြားလိုသူတွေ အတွက် YIU တွင် B.Sc (Hons) Business Computing & Information Systems (UK) နဲ့ B.A (Hons) Business Management (UK) အစရှိတဲ့ Program နှစ်ခုကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေအနေနဲ့ Level 3- National Diploma in IT, Level 3 – National Diploma in Business, Level 4-5- Higher National Diploma in Computing (UK), Level 4-5 Higher National Diploma in Business (UK), B.Sc (Hons) Business Computing and Information Systems (UK) Awarded by University of Central Lancashire, B.A (Hons) Business Management (UK), Awarded by Bucks New University, Master of Business Administration (UK), Awarded by Bucks New University တွေဖြစ်ကြောင်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်း သို့ iGCSE အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Level 4- HND မှ စတက်နိုင်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးဘဲ အခြေခံပညာ (၉) တန်းအောင်မြင်ပြီးသူတွေ အနေနဲ့ Level 3 မှ စတင် တက်ရောက်နိုင်မှာဖြစ်ကြောင်း၊ တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း – ၀၉၉၆၅၀၀၃၅၉၆ နဲ့ ၀၉၇၈၅၀၀၃၅၉၆ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««