Yealink Video Conference package

စျေးနှုန်းချိုသာပြီး ဟန်းဆက် သာမက Tablet ရော Laptop တွေမှာပါ အသုံးပြုနိုင်တဲ့ Yealink Video Conference package ဖြစ်ပါတယ်။ ဝယ်ယူတဲ့အခါမှာ Yealink Meeting Cloud account တစ်ခုကို လက်ဆောင်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။ အစည်းအဝေးအတွက် သာမက အွန်လိုင်းသင်ကြားရေးအတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Video Conference package မှာ Yealink UVC 30 camera နဲ့ CP900 အတွဲလိုက် ပါဝင်မှာဖြစ်ပါတယ်။ Yealink UVC 30 camera က portable design ဖြစ်ပြီး 4K resolution အထိ အထောက်အပံ့ပေးပါတယ်။ Smart Framing function ပါဝင်ပါတယ်။ CP900 ကတော့ မိုက်ကရိုဖုန်း ၆ လုံး ပါရှိတဲ့အတွက် ၆ ပေအထိ ပတ်လည်အသံတွေကို ကောင်းမွန်ပြတ်သားစွာ ဖမ်းယူနိုင်ပါတယ်။ Noise Cancelling နဲ့ Acoustic Echo Cancelling စတဲ့ နည်းပညာတွေကြောင့် အသံထွက်အရည်အသွေး ပြည်ဝတဲ့ speakerphone ဖြစ်ပါတယ်။ Video Conference package မှာ Bluetooth (သို့) USB ကြိုက်ရာနဲ့ ချိတ်ဆက်လို့ရတဲ့အတွက် Laptop သာမက ဖုန်းနဲ့အလွယ်တကူ ချိတ်ဆက်နိုင်ပြီး Zoom, Teams, Webex, Google Meet အစရှိတာတွေနဲ့ ကြိုက်နှစ်သက်ရာနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။

Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၊ ၀၉ ၉၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ