YeaLink အမှတ်တံဆိပ် video Conferencing နည်းပညာနှင့် ပစ္စည်းများကို မြန်မာပြည်ဈေးကွက်သို့ တရားဝင်မိတ်ဆက်

YeaLink အမှတ်တံဆိပ် video Conferencing နည်းပညာနဲ့ပစ္စည်းများကို မြန်မာပြည်ဈေးကွက်သို့ တရားဝင် စတင်မိတ်ဆက်လိုက်ပြီး VORTECH Myanmar မှ တရားဝင် တင်သွင်းဖြန့်ချိ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“YeaLink မှာ တခြား product sector တွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ video Conferencing အပိုင်းကိုပဲ မြန်မာပြည်ဈေးကွက်ကို တာဝန်ယူ ရောင်းချပေးတာဖြစ်ပါတယ်။ Video Conferencing အသုံးပြုရာ မှာ သုံးစွဲသူ အမျိုးအစားသုံးမျိုးလောက်ရှိပါတယ်။ Government ဆိုရင် ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့အတွက် videoConferencing တွေသုံးတယ်။

စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်း business တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ သုံးတယ်။ နောက်ပြီး NGO တွေမှာဆိုရင်လည်း NGOတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ အတွက် သုံးပါတယ်။ ဒါကတော့ အကြီးမားဆုံးသုံးတဲ့ businessunit တွေပါ။ ကျွန်တော်တို့အနေနဲ့က အသေးစားကစလို့ အကြီးဆုံးအထိ ဝန်ဆောင်မှုတွေကို စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်”လို့ VORTECH Myanmar မှ Country Manager ကိုနိုင်လင်းက ပြောပါတယ်။

“video Conferencing တွေက အမျိုးအစားပေါ်မူတည်ပြီးတော့ ဈေးနှုန်းအမျိုးမျိုး ရှိနိုင်တယ်။ software conferencing ကနေပြီးတော့ hardware conferencing အထိ အမျိုးမျိုးရှိတယ်။ Software နဲ့သွားချင်တာမျိုးဆို ဒေါ်လာထောင်ဂဏန်းပေါ့။ ဒေါ်လာတစ်ထောင်ပတ်ချာလည်မှာ ရှိတယ်။ အဲ့လိုမှ မဟုတ်ဘူး ပိုပြီး security ဖြစ်ချင်တယ်။ IP နဲ့သွားချင်တယ်ဆိုရင် ဆိုက်တစ်ခုကို ဒေါ်လာသုံးထောင် ဆိုက်များရင် များသလောက် ဈေးနှုန်းတွေ ရှိပါတယ်။ After sales service အနေနဲ့ ဆိုရင်လည်း တရားဝင် technician team ရှိတယ်။ Sales service အနေနဲ့လည်း instock ရှိတဲ့အတွက်ကြောင့် အလုံးလိုက်ချိန်းပေးဖို့ လိုမယ်ဆိုရင်လည်း ဆားဗစ်အနေနဲ့ ချိန်းပေးပါတယ်။ တကယ်လို့ ပြန်ပို့ပေးရမယ်ဆိုလည်း ဒီဘက်ကဟာတွေကို Operation breakdown မဖြစ်အောင် ယူနစ်တစ်ခုလောက်ကို အလုပ်ပေးပြီးတော့ customer တွေရဲ့ ယုံကြည်မှုကို စိတ်ပျက်မခံဘဲ လုပ်ပေးပါတယ်” လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

YeaLink အမှတ်တံဆပ် Video Conferencing နဲ့ပတ်သက်ပြီး အသေစိတ်သိရှိလိုတဲ့ အချက်အလက်တွေကို အမှတ် (၁၇၉)၊ မြေညီထပ်၊ ၄၈ လမ်း(အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၀၉၄၅၇၇၅၁၀၆၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။