YBS စနစ်ပြောင်းလဲရာတွင် လူမှုကွန်ရက်မှအထောက်အကူများစွာရရှိခဲ့

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်း စနစ်ပြောင်းလဲရာမှာ လူမှုကွန်ရက်မှ အထောက်အကူများ စွာရရှိခဲ့တယ်လို့ နိုဝင်ဘာ ၈ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နော်ပန်းတင်ဇာမျိုး ကပြောပါတယ်။

“သန်းနဲ့ချီတဲ့ ပြည်သူလူထုတွေနဲ့ ပါဝင်ပတ်သက် နေတဲ့အတွက်ကြောင့် လူမူကွန်ရက်ကို အသုံးပြုခဲ့တယ်။ ပြည်သူတွေကို သတင်းအချက်အလက်တွေ ပေးခဲ့တယ်။ ပြည်သူတွေဆီကရတဲ့ အချက်အလက်တွေ အသံတွေကို နားထောင်ပြီး ပြည်သူ့အားနဲ့ ဒီစနစ်ကြီး တစ်ခုလုံးပြောင်းခဲ့တာ” လို့ပြောပါတယ်။

YBS ယာဉ်လိုင်းစတင်ပြီး ၆ လကြာတွင် ရပ်တန့်ရလောက်သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီဂျစ်တယ်မြေပုံတွင် ရှုပ်ယှက်ခက်နေသည့် ယာဉ်လိုင်းများ ပြေးဆွဲမှုကို နည်းပညာ အကူအညီနှင့်ဖြေရှင်းခဲ့ကြောင်း၊ ပြည့်သူအားကို ရယူရန်တွက် လူမှုကွန်ရက်၏ အားကလည်း အင်မတန်အရေးကြီးကြောင်း အဆိုပါဆွေးနွေးပွဲအတွင်းမှာ ပြောကြားခဲ့ပါတယ်။

-အောင်သက်ကို