Yangon Payment Services အတြက္ တင္ဒါေအာင္ျမင္သည့္ အဆိုျပဳ ကုမၸဏီထုတ္ျပန္

[ Zawgyi ]

Yangon Payment Services အတြက္ တင္ဒါေအာင္ျမင္တဲ့ အဆိုျပဳကုမၸဏီအမည္ကို ထုတ္ျပန္လိုက္ပါတယ္။

ဇြန္လ ၁၃ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။ ေမ ၁၇ ရက္မွာက်င္းပခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႔အစည္းအေဝးအရ Asia Starmar Transport Intelligent Co.,Ltd ကို YPS တင္ဒါေအာင္ျမင္သူအျဖစ္ ေရြးခ်ယ္လိုက္ေၾကာင္း ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ Excel KC Myanmar Co.,Ltd ကို ပဏာမတင္ဒါေရြးခ်ယ္ေအာင္ျမင္ ထားမႈကေန ပယ္ဖ်က္ခဲ့ၿပီး တင္ဒါစည္းကမ္းခ်က္ေတြ၊ လုပ္ထံုးလုပ္နည္းအတိုင္း က်န္ ရွိေနတဲ့ Any Pay Payment Services Co.,Ltd နဲ႔ Asia Starmar Transport Interlligent Co.,Ltd တို႔ တစ္ခုခ်င္းစီနဲ႔ ေတြ႕ဆံုးခဲ့ေၾကာင္း၊ ညႇိႏိႈင္းခ်က္ေတြကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ကို တင္ျပခဲ့ေၾကာင္း၊ လက္ရွိမွာ Asia Starmar Transport Intelligent Co.,Ltd ကို တင္ဒါေအာင္ျမင္သူအျဖစ္ ေရြးခ်ယ္လိုက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

တင္ဒါေအာင္ျမင္သူအေနနဲ႔ YBS ဘတ္စ္ကားေတြနဲ႔ အျခားသယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြမွာ ကတ္သံုး အီလက္ထေရာနစ္ ေငြေပးေခ်မႈစနစ္ ျဖစ္ေပၚလာေရး ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

Yangon Payment Services အတွက် တင်ဒါအောင်မြင်တဲ့ အဆိုပြုကုမ္ပဏီအမည်ကို ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၁၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မေ ၁၇ ရက်မှာကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးအရ Asia Starmar Transport Intelligent Co.,Ltd ကို YPS တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ Excel KC Myanmar Co.,Ltd ကို ပဏာမတင်ဒါရွေးချယ်အောင်မြင် ထားမှုကနေ ပယ်ဖျက်ခဲ့ပြီး တင်ဒါစည်းကမ်းချက်တွေ၊ လုပ်ထုံးလုပ်နည်းအတိုင်း ကျန် ရှိနေတဲ့ Any Pay Payment Services Co.,Ltd နဲ့ Asia Starmar Transport Interlligent Co.,Ltd တို့ တစ်ခုချင်းစီနဲ့ တွေ့ဆုံးခဲ့ကြောင်း၊ ညှိနှိုင်းချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ကြောင်း၊ လက်ရှိမှာ Asia Starmar Transport Intelligent Co.,Ltd ကို တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တင်ဒါအောင်မြင်သူအနေနဲ့ YBS ဘတ်စ်ကားတွေနဲ့ အခြားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ကတ်သုံး အီလက်ထရောနစ် ငွေပေးချေမှုစနစ် ဖြစ်ပေါ်လာရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

-ထွန်းထွန်း