Yangon ICT Fair ယနေ့စတင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ Yangon ICT Fair (Sept-2019) နဲ့ ICT CHALLENGE YANGON (2019)ကို ယနေ့မှစတင်၍ စက်တင်ဘာ ၈ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ပြပွဲမှာ ကုမ္ပဏီပေါင်း ၄၉ ခုမှ ပြခန်းပေါင်း ၁၂၄ ခန်းနဲ့ ခင်းကျင်းပြသလျက်ရှိပါတယ်။ ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ကျင်းပသွားမှာဖြစ်ပြီး ယခုကျင်းပတဲ့ Yangon ICT Fair မှာ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာအသင်းများမှ ဒုတိယအကြိမ်အဖြစ် ကျင်းပသော စျေးရောင်းပွဲတော် ဖြစ်ပါတယ်။