Yangon ICT Fair တြင္ ICT CHALLENGE YANGON (2019) ဂိမ္းၿပိဳင္ပြဲ ထည့္သြင္းက်င္းပမည္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာလုပ္ငန္းရွင္အသင္း နဲ႔ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္အသင္း တို႔ ပူးေပါင္းက်င္းပမယ့္ Yangon ICT Fair (Sept-2019) နဲ႔ ICT CHALLENGE YANGON (2019) ကို စက္တင္ဘာ ၆ ရက္ မွ ၈ ရက္အထိ ရန္ကုန္ၿမိဳ႕ ဦးဝိစာရလမ္းရွိ တပ္မေတာ္ခန္းမမွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ျပပြဲအတြင္းမွာ ESport အားကစားကို ေျမေတာင္ေျမႇာက္အားေပးလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ICT CHALLENGE YANGON (2019) DOTA2 ဂိမ္းၿပိဳင္ပြဲကုိ ပထမဦးဆုံးအႀကိမ္အျဖစ္ ထည့္သြင္းက်င္းပသြားမယ္လို႔ သိရပါတယ္။ ၿပိဳင္ပြဲမွာ ဆုေၾကးေငြ စုစုေပါင္း (၃၃) သိန္းက်ပ္ ခ်ီးျမႇင့္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ICT CHALLENGE YANGON (2019) ရဲ႕ Online Qualifier နဲ႔ Main Stage အဆင့္ၿပိဳင္ပြဲေတြကို အဖြဲ႕လိုက္ (5 vs 5)၊ တစ္ဦးခ်င္း (1 vs 1) မ်ားျဖင့္ က်င္းပျခင္းအျပင္ Giveaway အစီအစဥ္မ်ား၊ KOL မ်ားမွ Fan Sign ထိုးေပးျခင္း အစီအစဥ္မ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမယ္လို႔ သိရပါတယ္။

Yangon ICT Fair (Sept-2019) ျပပြဲနဲ႔ ICT CHALLENGE YANGON (2019) ၿပိဳင္ပြဲေတြကို္ နံနက္ ၉ နာရီမွ ညေန ၆ နာရီအထိ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ယခု က်င္းပတဲ့ Yangon ICT Fair (Sept-2019) မွာ ၂၀၁၉ ခုႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဴတာအသင္းမ်ားမွ ဒုတိယအႀကိမ္အျဖစ္ က်င္းပတဲ့ ေဈးေရာင္းပြဲေတာ္ျဖစ္ပါတယ္။

-ေအာင္သူ

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း နဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း တို့ ပူးပေါင်းကျင်းပမယ့် Yangon ICT Fair (Sept-2019) နဲ့ ICT CHALLENGE YANGON (2019) ကို စက်တင်ဘာ ၆ ရက် မှ ၈ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲအတွင်းမှာ ESport အားကစားကို မြေတောင်မြှောက်အားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ICT CHALLENGE YANGON (2019) DOTA2 ဂိမ်းပြိုင်ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ဆုကြေးငွေ စုစုပေါင်း (၃၃) သိန်းကျပ် ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ICT CHALLENGE YANGON (2019) ရဲ့ Online Qualifier နဲ့ Main Stage အဆင့်ပြိုင်ပွဲတွေကို အဖွဲ့လိုက် (5 vs 5)၊ တစ်ဦးချင်း (1 vs 1) များဖြင့် ကျင်းပခြင်းအပြင် Giveaway အစီအစဉ်များ၊ KOL များမှ Fan Sign ထိုးပေးခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Yangon ICT Fair (Sept-2019) ပြပွဲနဲ့ ICT CHALLENGE YANGON (2019) ပြိုင်ပွဲတွေကို် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခု ကျင်းပတဲ့ Yangon ICT Fair (Sept-2019) မှာ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာအသင်းများမှ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဈေးရောင်းပွဲတော်ဖြစ်ပါတယ်။