Yangon ICT Fair ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး Yangon ICT Fair (Jan 2020) ကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ (၃) ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြပွဲရက်အတွင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ Mobile, Tablet နဲ့ IT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါ ကဏ္ဍတွေကို အထူးစိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနဲ့ ပြည်သူလူထုတို့အား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ်အီလက်ထရောနစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ Mobile နည်းပညာနဲ့ ပစ္စည်းများ၊ ကွန်ပျူတာအသုံးချဆောဖ့်ဝဲ နည်းပညာများကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်ပြီး Yangon ICT Fair (Jan 2020) ကို စီစဉ်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယခုကျင်းပပြုုလုပ်မယ့် ပြပွဲမှာ ကုမ္ပဏီစုစုပေါင်း (၄၉) ခုမှ ပြခန်းပေါင်း (၁၁၉) ခန်း ပါဝင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ