Yangon American International School ရဲ႕ Advisor ျဖစ္သူ Mr.Darius Shey ႏွင့္ ေတြ႕ဆံုျခင္း

[ Zawgyi ]

ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားတကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ ေက်ာင္းေတြနဲ႔ ႏိုင္ငံတကာ သင္႐ိုးနဲ႔သင္ၾကားတဲ့ ေက်ာင္းေတြကို တရားဝင္ဖြင့္လွစ္ ခြင့္ျပဳလိုက္ျခင္းနဲ႔ ပတ္သက္ၿပီး Yangon American International School ရဲ႕ Advisor ျဖစ္သူ Mr. Darius Shey နဲ႔ ေတြ႕ဆုံေမးျမန္းခဲ့ပါတယ္။

ျမန္မာႏိုင္ငံအစိုးရရဲ႕ ပညာေရး ျပဳျပင္ေျပာင္းလဲမႈလုပ္ေနတဲ့ အေပၚမွာ ဘယ္လိုသုံးသပ္ပါသလဲ။

ျမန္မာအစိုးရရဲ႕ပညာေရး ျပဳျပင္ေျပာင္းလဲမႈေတြ က႑အလိုက္ လုပ္ေနတယ္ဆိုတာ သိပါတယ္။ အဲထဲကတစ္ခုအေနနဲ႔ ေျပာရရင္ အခုရန္ကုန္အေမရိကန္ ေက်ာင္းဖြင့္ခြင့္ျပဳတယ္ဆိုတာလည္း ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈအေနနဲ႔ ဖြင့္လွစ္ခြင့္ျပဳတယ္ ဆိုတာပါ။ ေက်ာင္းဖြင့္ခြင့္ရဖို႔လည္း အမ်ားႀကီးေဆြးေႏြးခဲ့ရပါတယ္။ ေက်ာင္းဖြင့္ရင္ျမန္မာႏိုင္ငံရဲ႕ ပညာေရးအတြက္ ဘယ္လိုအေထာက္အကူေတြ ျဖစ္လာႏိုင္တယ္ ဆိုတာေတြကို ေျပာျပၿပီး အခ်ိန္ယူေဆြးေႏြးရတာပါ။ ျမန္မာျပည္ရဲ႕ ပညာေရးျမႇင့္တင္မႈမွာ တစ္စိတ္တစ္ပိုင္း ပါဝင္ခြင့္ရတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကပညာေရးစနစ္ အေပၚမွာေရာ ဘယ္လိုျမင္လဲ။

ျမန္မာႏိုင္ငံရဲ႕ ပညာေရးအေျခအေနက အျခားဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြနဲ႔ အတူတူပါပဲ။ ျမန္မာႏိုင္ငံတစ္ခုတည္း မဟုတ္ပါဘူး။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတဲ့တူညီတဲ့ အခ်က္က ႏႈတ္တိုက္က်က္တဲ့စနစ္ပါ။ ဒီပညာေရးစနစ္က ၾကာရွည္ေနပါၿပီ။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာလည္း ေတြ႕ရတယ္။ ပညာေရးမွာလည္း ႏႈတ္တိုက္က်က္တဲ့ စနစ္ကေတာ့ ေရရွည္မွာအဆင္မေျပႏိုင္ဘူး။ ဆရာေတြကေျပာတာကိုပဲ လိုက္မွတ္ရတာမဟုတ္ဘဲနဲ႔  အျပန္အလွန္ ေမးခြန္းေတြေမးၿပီး သင္တယ္။ ၿပီးေတာ့ စဥ္းစား ေတြးေခၚၿပီး သင္ရတဲ့ပညာေရး စနစ္ဖြံ႕ၿဖိဳးဖို႔ လိုတယ္။ ဒါေတြကသာလွ်င္ အနာဂတ္မွာႀကဳံေတြ႕ရမယ့္ အခက္အခဲေတြကို အေကာင္းဆုံး ေျဖရွင္းေပး ႏိုင္တာပါ။

ပညာေရးစနစ္တစ္ခု ေျပာင္းတဲ့အခါ ဘယ္သူေတြ အေရးပါဆုံးျဖစ္မလဲ။

တစ္ခုတည္းနဲ႔ေတာ့ မေအာင္ျမင္ႏိုင္ဘူး။ အေၾကာင္းအရာေတြ အားလုံး အခ်ိဳးက်က် ေပါင္းစပ္ပါဝင္မွရမယ္။ ေက်ာင္းေတြရဲ႕ အေတြ႕အႀကဳံကို အေျခခံၿပီး ေျပာရရင္ ဆရာ၊ ဆရာမေတြရဲ႕ အရည္အခ်င္းလည္း အမ်ားႀကီးလိုတယ္။ သင္႐ိုးၫႊန္းတမ္းလည္း လိုတယ္။ ေက်ာင္းသုံးသင္ ေထာက္ကူပစၥည္း ေထာက္ပံ့မႈကလည္း အေရးပါတယ္။ အားလုံးအခ်ိဳးညီညီ ပါဝင္မွသာ အေ႐ြ႕တစ္ခု ျဖစ္လာႏိုင္မယ္။  သင္ၾကားမႈပိုင္းမွာလည္း  ထိေရာက္ေအာင္ သင္ၾကားေပးဖို႔ သင္ၾကားနည္းစနစ္ေတြ လိုပါတယ္။ သင္႐ိုးၫႊန္း တမ္းဆိုတာကလည္း ေခတ္နဲ႔အမီ လိုက္ႏိုင္ေအာင္ update ျဖစ္တဲ့ သင္႐ိုးေတြျဖစ္ဖို႔လိုတယ္။

အဆင့္ျမင့္ ပညာသင္ၾကားမႈအတြက္ ႏိုင္ငံတကာ ေက်ာင္းေတြဖြင့္လွစ္ ခြင့္ျပဳထားေတာ့ မိဘေတြအေနနဲ႔ အရည္အေသြးျမင့္တဲ့ ေက်ာင္းေတြကို ဘယ္လိုေ႐ြးခ်ယ္သင့္သလဲ။

လက္ရွိအေန အထားအရ ေျပာမယ္ဆိုရင္ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ဒီေက်ာင္းေတြကို ေစာင့္ၾကည့္စိစစ္ေပးမယ့္အဖြဲ႕ေတြ မရွိေသးဘူး။ ဒီအတြက္လည္း ျမန္မာႏိုင္ငံမွာ အင္တာေနရွင္နယ္ ေက်ာင္းအမည္တပ္ထားတဲ့ ေက်ာင္းေပါင္းစုံကို ေတြ႕ရတယ္။ ေဈးလည္းအရမ္းျမင့္ပါတယ္။ ႏိုင္ငံတကာက ေက်ာင္းနာမည္ေတြနဲ႔ ဖြင့္ထားတဲ့ ေက်ာင္းေတြရွိသလို အင္တာေနရွင္နယ္စံႏႈန္းနဲ႔ မညီဘဲ ဖြင့္ထားတဲ့ေက်ာင္းေတြလည္း ေတြ႕ရပါတယ္။ ဒီလိုမ်ိဳးအေျခအေနမွာ မိဘေတြအေနနဲ႔ ကိုယ့္ကေလးကို ေက်ာင္းထားေတာ့မယ္ဆိုရင္ ေက်ာင္းမအပ္ခင္ အခ်ိန္ကတည္းက စုံစမ္းဖို႔လိုတယ္။ ေက်ာင္းေ႐ြးေတာ့မယ္ဆိုရင္ ကေလးေတြအတြက္ ဘယ္ေလာက္ စိတ္ခ်ရသလဲ၊ သင္႐ိုးကေရာ ႏိုင္ငံတကာ သင္႐ိုးနဲ႔သြားတာလား၊ ဘယ္ႏိုင္ငံသင္႐ိုးနဲ႔ သြားတာလဲဆိုတာ သိထားရမယ္။ ၿပီးေတာ့ သင္ေပးတဲ့ သင္႐ိုးက ကေလးဘဝအတြက္ ဘယ္ေလာက္ အေထာက္အကူျဖစ္ႏိုင္မလဲဆိုတာ ေလ့လာရမယ္။ ေက်ာင္းက တစ္ခုတည္းရွိတာလား၊ ေက်ာင္းနဲ႔ ဆက္စပ္ၿပီး တျခားစီးပြားေရးလုပ္ငန္းေတြရွိ ေသးလား၊ ေက်ာင္းရဲ႕ဘတ္ဂ်က္ ေငြကအစ ဘယ္ေလာက္ခိုင္မာမႈ ရွိသလဲဆိုတာ ေလ့လာသင့္တယ္။ ကေလးေတြကို သင္ေပးမယ့္ဆရာ၊ ဆရာမေတြကေရာ အမွန္တကယ္ အရည္အခ်င္း ျပည့္ရဲ႕လား၊ ႏိုင္ငံျခားဘာသာ စကားေျပာတတ္႐ုံနဲ႔ဆရာ၊ ဆရာမျဖစ္ေနလားဆိုတာ ေလ့လာသင့္တယ္။

ေနာက္တစ္ခုက တျခားသက္ဆိုင္တဲ့ အခ်က္အလက္ေတြ ဆိုရင္ ကေလးေတြ ေျဖတဲ့စာေမးပြဲေတြကေရာ ကေလးအတြက္ ဘယ္ေလာက္ အေထာက္အကူ ျဖစ္မလဲဆိုတာ ေလ့လာသင့္တယ္။ ေက်ာင္းသားမိဘေတြ ဘက္ကလည္း ေသခ်ာေ႐ြးခ်ယ္ၿပီး အမွန္တကယ္ အရည္အေသြး ျပည့္တဲ့ ေက်ာင္းေတြကိုပဲ ေ႐ြးခ်ယ္ၿပီးထားမယ္ဆိုရင္ ေစာင့္ၾကည့္မယ့္ အဖြဲ႕ေတြမရွိရင္ေတာင္ ေတာ္ေတာ္မ်ားမ်ား တစ္သမတ္တည္း ျဖစ္သြားမယ္။

ႏိုင္ငံျခားသင္႐ိုးနဲ႔ သင္ၾကားတဲ့ ေက်ာင္းေတြ ရွိလာေပမဲ့ ေက်ာင္းလခႀကီး ျမင့္မႈေၾကာင့္ ျမန္မာႏိုင္ငံက ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ လက္လွမ္းမမီႏိုင္တဲ့အေပၚေရာ ဘယ္လို အႀကံေပးခ်င္ပါသလဲ။

ဒီမွာက ႏိုင္ငံတကာေက်ာင္းေတြမွာ အရမ္းေဈးႀကီးတဲ့ေက်ာင္းေတြရွိသလို အရမ္းေဈးနည္းၿပီး စံႏႈန္းမမီတဲ့ ေက်ာင္းေတြလည္းရွိေတာ့ မိဘေတြဘက္ကပဲ သတိထားေ႐ြးခ်ယ္ၿပီး ေသခ်ာေလ့လာၾကဖို႔ အႀကံျပဳခ်င္ပါတယ္။ ကေလးေတြအတြက္ အက်ိဳးရွိမယ့္ဟာေတြဘဲ ပညာေရးမွာလည္း ထိေရာက္မယ့္အရမ္းကို အေရးပါတာေတြကိုဘဲ သင္ၾကားေပးတဲ့ ေစ်းကိုလည္း လက္လွမ္းမီေအာင္ ႀကိဳးစားထားတဲ့ ေက်ာင္းမ်ိဳးတခါတေလ ေတာ့လည္း လက္လွမ္းမီဖို႔ ႀကိဳးစားထားက်တာပါ။ ကေလးေတြ အေပၚမွာ တကယ္ရင္းႏွီးျမႇဳပ္ႏွံမႈ မလုပ္ႏိုင္တဲ့ ေက်ာင္းကေတာ့ေရရွည္မွာ ရပ္တည္ႏိုင္မွာ မဟုတ္ပါဘူး။

ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာေပးပါဦး။

အခုေခတ္က အရည္အေသြး ေပၚမူတည္တဲ့ေခတ္ပါ။ ေစာင့္ၾကည့္ေပးမယ့္ အဖြဲ႕အစည္းေတြ ဖြဲ႕ရမွာက အစိုးရအပိုင္းပါ။ ျမန္မာျပည္ရဲ႕ ပညာေရးကေရွ႕ေလွ်ာက္ ေကာင္းလာမွာေတြ အမ်ားႀကီး ရွိပါတယ္။ စီးပြားေရးဘက္က ၾကည့္မယ္ဆိုရင္လည္း လူေတြရဲ႕ ေ႐ြးခ်ယ္မႈေပၚမွာ မူတည္ၿပီး အခြင့္အလမ္းေတြ အမ်ားႀကီး ရွိလာပါတယ္။ အဲဒါေၾကာင့္လည္း ျမန္မာႏိုင္ငံရဲ႕
ပညာေရး ျပဳျပင္ေျပာင္းလဲမႈမွာ တစ္ေနရာကေန ေထာက္ပံ့ေပးႏိုင္ေအာင္လည္း ႀကိဳးစားေနပါတယ္။

-ေဝေဝ

[ Unicode ]

မြန်မာနိုင်ငံမှာ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေနဲ့ နိုင်ငံတကာ သင်ရိုးနဲ့သင်ကြားတဲ့ ကျောင်းတွေကို တရားဝင်ဖွင့်လှစ် ခွင့်ပြုလိုက်ခြင်းနဲ့ ပတ်သက်ပြီး Yangon American International School ရဲ့ Advisor ဖြစ်သူ Mr. Darius Shey နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအစိုးရရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့ အပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

မြန်မာအစိုးရရဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ကဏ္ဍအလိုက် လုပ်နေတယ်ဆိုတာ သိပါတယ်။ အဲထဲကတစ်ခုအနေနဲ့ ပြောရရင် အခုရန်ကုန်အမေရိကန် ကျောင်းဖွင့်ခွင့်ပြုတယ်ဆိုတာလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဖွင့်လှစ်ခွင့်ပြုတယ် ဆိုတာပါ။ ကျောင်းဖွင့်ခွင့်ရဖို့လည်း အများကြီးဆွေးနွေးခဲ့ရပါတယ်။ ကျောင်းဖွင့်ရင်မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် ဘယ်လိုအထောက်အကူတွေ ဖြစ်လာနိုင်တယ် ဆိုတာတွေကို ပြောပြပြီး အချိန်ယူဆွေးနွေးရတာပါ။ မြန်မာပြည်ရဲ့ ပညာရေးမြှင့်တင်မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကပညာရေးစနစ် အပေါ်မှာရော ဘယ်လိုမြင်လဲ။

မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေက အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အတူတူပါပဲ။ မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ တွေ့ရတဲ့တူညီတဲ့ အချက်က နှုတ်တိုက်ကျက်တဲ့စနစ်ပါ။ ဒီပညာရေးစနစ်က ကြာရှည်နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း တွေ့ရတယ်။ ပညာရေးမှာလည်း နှုတ်တိုက်ကျက်တဲ့ စနစ်ကတော့ ရေရှည်မှာအဆင်မပြေနိုင်ဘူး။ ဆရာတွေကပြောတာကိုပဲ လိုက်မှတ်ရတာမဟုတ်ဘဲနဲ့  အပြန်အလှန် မေးခွန်းတွေမေးပြီး သင်တယ်။ ပြီးတော့ စဉ်းစား တွေးခေါ်ပြီး သင်ရတဲ့ပညာရေး စနစ်ဖွံ့ဖြိုးဖို့ လိုတယ်။ ဒါတွေကသာလျှင် အနာဂတ်မှာကြုံတွေ့ရမယ့် အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေး နိုင်တာပါ။

ပညာရေးစနစ်တစ်ခု ပြောင်းတဲ့အခါ ဘယ်သူတွေ အရေးပါဆုံးဖြစ်မလဲ။

တစ်ခုတည်းနဲ့တော့ မအောင်မြင်နိုင်ဘူး။ အကြောင်းအရာတွေ အားလုံး အချိုးကျကျ ပေါင်းစပ်ပါဝင်မှရမယ်။ ကျောင်းတွေရဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောရရင် ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းလည်း အများကြီးလိုတယ်။ သင်ရိုးညွှန်းတမ်းလည်း လိုတယ်။ ကျောင်းသုံးသင် ထောက်ကူပစ္စည်း ထောက်ပံ့မှုကလည်း အရေးပါတယ်။ အားလုံးအချိုးညီညီ ပါဝင်မှသာ အရွေ့တစ်ခု ဖြစ်လာနိုင်မယ်။  သင်ကြားမှုပိုင်းမှာလည်း  ထိရောက်အောင် သင်ကြားပေးဖို့ သင်ကြားနည်းစနစ်တွေ လိုပါတယ်။ သင်ရိုးညွှန်း တမ်းဆိုတာကလည်း ခေတ်နဲ့အမီ လိုက်နိုင်အောင် update ဖြစ်တဲ့ သင်ရိုးတွေဖြစ်ဖို့လိုတယ်။

အဆင့်မြင့် ပညာသင်ကြားမှုအတွက် နိုင်ငံတကာ ကျောင်းတွေဖွင့်လှစ် ခွင့်ပြုထားတော့ မိဘတွေအနေနဲ့ အရည်အသွေးမြင့်တဲ့ ကျောင်းတွေကို ဘယ်လိုရွေးချယ်သင့်သလဲ။

လက်ရှိအနေ အထားအရ ပြောမယ်ဆိုရင် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီကျောင်းတွေကို စောင့်ကြည့်စိစစ်ပေးမယ့်အဖွဲ့တွေ မရှိသေးဘူး။ ဒီအတွက်လည်း မြန်မာနိုင်ငံမှာ အင်တာနေရှင်နယ် ကျောင်းအမည်တပ်ထားတဲ့ ကျောင်းပေါင်းစုံကို တွေ့ရတယ်။ ဈေးလည်းအရမ်းမြင့်ပါတယ်။ နိုင်ငံတကာက ကျောင်းနာမည်တွေနဲ့ ဖွင့်ထားတဲ့ ကျောင်းတွေရှိသလို အင်တာနေရှင်နယ်စံနှုန်းနဲ့ မညီဘဲ ဖွင့်ထားတဲ့ကျောင်းတွေလည်း တွေ့ရပါတယ်။ ဒီလိုမျိုးအခြေအနေမှာ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကျောင်းထားတော့မယ်ဆိုရင် ကျောင်းမအပ်ခင် အချိန်ကတည်းက စုံစမ်းဖို့လိုတယ်။ ကျောင်းရွေးတော့မယ်ဆိုရင် ကလေးတွေအတွက် ဘယ်လောက် စိတ်ချရသလဲ၊ သင်ရိုးကရော နိုင်ငံတကာ သင်ရိုးနဲ့သွားတာလား၊ ဘယ်နိုင်ငံသင်ရိုးနဲ့ သွားတာလဲဆိုတာ သိထားရမယ်။ ပြီးတော့ သင်ပေးတဲ့ သင်ရိုးက ကလေးဘဝအတွက် ဘယ်လောက် အထောက်အကူဖြစ်နိုင်မလဲဆိုတာ လေ့လာရမယ်။ ကျောင်းက တစ်ခုတည်းရှိတာလား၊ ကျောင်းနဲ့ ဆက်စပ်ပြီး တခြားစီးပွားရေးလုပ်ငန်းတွေရှိ သေးလား၊ ကျောင်းရဲ့ဘတ်ဂျက် ငွေကအစ ဘယ်လောက်ခိုင်မာမှု ရှိသလဲဆိုတာ လေ့လာသင့်တယ်။ ကလေးတွေကို သင်ပေးမယ့်ဆရာ၊ ဆရာမတွေကရော အမှန်တကယ် အရည်အချင်း ပြည့်ရဲ့လား၊ နိုင်ငံခြားဘာသာ စကားပြောတတ်ရုံနဲ့ဆရာ၊ ဆရာမဖြစ်နေလားဆိုတာ လေ့လာသင့်တယ်။

နောက်တစ်ခုက တခြားသက်ဆိုင်တဲ့ အချက်အလက်တွေ ဆိုရင် ကလေးတွေ ဖြေတဲ့စာမေးပွဲတွေကရော ကလေးအတွက် ဘယ်လောက် အထောက်အကူ ဖြစ်မလဲဆိုတာ လေ့လာသင့်တယ်။ ကျောင်းသားမိဘတွေ ဘက်ကလည်း သေချာရွေးချယ်ပြီး အမှန်တကယ် အရည်အသွေး ပြည့်တဲ့ ကျောင်းတွေကိုပဲ ရွေးချယ်ပြီးထားမယ်ဆိုရင် စောင့်ကြည့်မယ့် အဖွဲ့တွေမရှိရင်တောင် တော်တော်များများ တစ်သမတ်တည်း ဖြစ်သွားမယ်။

နိုင်ငံခြားသင်ရိုးနဲ့ သင်ကြားတဲ့ ကျောင်းတွေ ရှိလာပေမဲ့ ကျောင်းလခကြီး မြင့်မှုကြောင့် မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေအတွက် လက်လှမ်းမမီနိုင်တဲ့အပေါ်ရော ဘယ်လို အကြံပေးချင်ပါသလဲ။

ဒီမှာက နိုင်ငံတကာကျောင်းတွေမှာ အရမ်းဈေးကြီးတဲ့ကျောင်းတွေရှိသလို အရမ်းဈေးနည်းပြီး စံနှုန်းမမီတဲ့ ကျောင်းတွေလည်းရှိတော့ မိဘတွေဘက်ကပဲ သတိထားရွေးချယ်ပြီး သေချာလေ့လာကြဖို့ အကြံပြုချင်ပါတယ်။ ကလေးတွေအတွက် အကျိုးရှိမယ့်ဟာတွေဘဲ ပညာရေးမှာလည်း ထိရောက်မယ့်အရမ်းကို အရေးပါတာတွေကိုဘဲ သင်ကြားပေးတဲ့ စျေးကိုလည်း လက်လှမ်းမီအောင် ကြိုးစားထားတဲ့ ကျောင်းမျိုးတခါတလေ တော့လည်း လက်လှမ်းမီဖို့ ကြိုးစားထားကျတာပါ။ ကလေးတွေ အပေါ်မှာ တကယ်ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တဲ့ ကျောင်းကတော့ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

အခုခေတ်က အရည်အသွေး ပေါ်မူတည်တဲ့ခေတ်ပါ။ စောင့်ကြည့်ပေးမယ့် အဖွဲ့အစည်းတွေ ဖွဲ့ရမှာက အစိုးရအပိုင်းပါ။ မြန်မာပြည်ရဲ့ ပညာရေးကရှေ့လျှောက် ကောင်းလာမှာတွေ အများကြီး ရှိပါတယ်။ စီးပွားရေးဘက်က ကြည့်မယ်ဆိုရင်လည်း လူတွေရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး အခွင့်အလမ်းတွေ အများကြီး ရှိလာပါတယ်။ အဲဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ တစ်နေရာကနေ ထောက်ပံ့ပေးနိုင်အောင်လည်း ကြိုးစားနေပါတယ်။