Yangon American International School ကို ေက်ာင္းသားမိဘမ်ားေလ့လာႏိုင္ရန္ စတင္ဖြင့္လွစ္

[ Zawgyi ]

အေမရိကန္ႏိုင္ငံရွိ ပညာေရးစံႏႈန္းမ်ားနဲ႔ သင္ၾကားေပးမယ့္ Yangon American International School ကို ေက်ာင္းသားမိဘမ်ားေလ့လာႏိုင္ဖို႔ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ပါတယ္။

အသက္ ၂ ႏွစ္မွ ၈ ႏွစ္အရြယ္ ျမန္မာနဲ႔ ႏိုင္ငံအရပ္ရပ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စတင္ စာရင္းသြင္း ေက်ာင္းအပ္ႏွံႏိုင္ၿပီ ျဖစ္တယ္လို႔သိရပါတယ္။ ႏုိင္ငံတကာအသိအမွတ္ျပဳ အေမရိကန္သင္ရိုးညႊန္းတမ္းမ်ားကို သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔ ၾသဂုတ္လမွာ စတင္ ဖြင့္လွစ္သင္ၾကားသြားမွာျဖစ္တယ္လို႔ဆိုပါတယ္။

Yangon American မွ ေက်ာင္းအုပ္ႀကီး Robert Crutchfield ကလည္း “ေက်ာင္းသားေတြကို တကၠသိုလ္ ပညာေရးအတြက္ သာမက ကမၻာ့စီးပြားေရး အသိုက္အဝန္းမွာပါ ေအာင္ျမင္မႈေတြရရွိႏိုင္ေစမယ့္ ပညာေရးစံ ခ်ိန္စံညႊန္းေတြနဲ႔ အေျချပဳၿပီး ခ်မွတ္ေရးဆြဲထားတဲ့ သင္ရိုးညႊန္းတမ္းေတြကို အေလးထား သင္ၾကားေပးမယ့္ စာသင္ေက်ာင္းတစ္ခု ျဖစ္ဖို႔ ရည္ရြယ္ထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေမလ ၃၁ ရက္ မတိုင္မီ ႀကိဳတင္ ေက်ာင္းအပ္ႏွံထားတဲ့ မိသားစုမ်ားအား Foundation Families အျဖစ္ သတ္မွတ္ၿပီး ေက်ာင္းဝင္ေၾကး အေမရိကန္ ေဒၚလာ ၅,၀၀၀ နဲ႔ ေလွ်ာက္လႊာေၾကး အေမရိကန္ေဒၚလာ ၂၅၀ တို႔ကုိ အသီးသီးသက္ညႇာခြင့္ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာနဲ႔ ႏိုင္ငံအရပ္ရပ္မွ အသက္ ၂ ႏွစ္မွ ၈ ႏွစ္အရြယ္ ေက်ာင္းသားမ်ားအတြက္ စတင္ ေက်ာင္းအပ္လက္ခံေနၿပီျဖစ္ၿပီး ေက်ာင္းသားဦးေရ အကန္႔အသတ္ ရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိရွိလိုပါက ဖုန္း – ၀၉ ၉၇၇၀၁ ၂၁၀၀ သို႔မဟုတ္ https://yais.edu.mm သို႔ ဆက္သြယ္စံုစမ္း စာရင္းေပးသြင္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

အမေရိကန်နိုင်ငံရှိ ပညာရေးစံနှုန်းများနဲ့သင်ကြားပေးမယ့် Yangon American International School ကို ကျောင်းသားမိဘများလေ့လာနိုင်ဖို့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၂ နှစ်မှ ၈ နှစ်အရွယ် မြန်မာနဲ့ နိုင်ငံအရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများ စတင် စာရင်းသွင်း ကျောင်းအပ်နှံနိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု အမေရိကန်သင်ရိုးညွှန်းတမ်းများကို သင့်တင့်တဲ့ စျေးနှုန်းနဲ့ သြဂုတ်လမှာ စတင် ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Yangon American မှ ကျောင်းအုပ်ကြီး Robert Crutchfield ကလည်း “ကျောင်းသားတွေကို တက္ကသိုလ် ပညာရေးအတွက် သာမက ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းမှာပါ အောင်မြင်မှုတွေရရှိနိုင်စေမယ့် ပညာရေးစံ ချိန်စံညွှန်းတွေနဲ့ အခြေပြုပြီး ချမှတ်ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အလေးထား သင်ကြားပေးမယ့် စာသင်ကျောင်းတစ်ခု ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မေလ ၃၁ ရက် မတိုင်မီ ကြိုတင် ကျောင်းအပ်နှံထားတဲ့ မိသားစုများအား Foundation Families အဖြစ် သတ်မှတ်ပြီး ကျောင်းဝင်ကြေး အမေရိကန် ဒေါ်လာ ၅,၀၀၀ နဲ့ လျှောက်လွှာကြေး အမေရိကန်ဒေါ်လာ ၂၅၀ တို့ကို အသီးသီးသက်ညှာခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနဲ့ နိုင်ငံအရပ်ရပ်မှ အသက် ၂ နှစ်မှ ၈ နှစ်အရွယ် ကျောင်းသားများအတွက် စတင် ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ကျောင်းသားဦးရေ အကန့်အသတ် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ၉၇၇၀၁ ၂၁၀၀ သို့မဟုတ် https://yais.edu.mm သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ်။