XPS 15 2-in-1 သစ်ကို CES 2018 မှာ မိတ်ဆက်လိုက်တဲ့ Dell

Las Vegas မှာပြုလုပ်နေတဲ့ CES 2018 ပြပွဲမှာ Dell က XPS 15 2-in-1 သစ်ကို မိတ်ဆက်ကြေညာလိုက်ပါတယ်။ XPS 15 ရဲ့တန်ဖိုးက ၁၂၉၉.၉၉ ဒေါ်လာဖြစ်ပြီး ဧပြီလဝန်းကျင်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

XPS 15 ဟာ Intel နဲ့ AMD တို့အကြား ပူးပေါင်းဆောင်ရွက်မှုကြောင့် ထုတ်လုပ်ခဲ့သမျှထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး 2-1 ဖြစ်တယ်လို့ XPS, Alienware နဲ့ Dell Gaming ရဲ့ ဒုဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာဖြစ်သူ Frank Azor က ပြောပါတယ်။

“Intel နဲ့ AMD တို့ပူးပေါင်းပြီး ချစ်ပ်သစ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ သူတို့က CPU silicon နဲ့ Vega mobile graphics ကို ချစ်ပ်တစ်ခုတည်းအဖြစ် ပေါင်းစပ်ခဲ့တာပါ။ အဲ့ဒီချစ်ပ်သစ်ကြောင့် အထူ ၁၆ မီလီမီတာပဲရှိတဲ့ ၁၅ လက်မ 2-in-1 ကို တစ်မူထူးကဲတဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်စေပါလိမ့်မယ်” လို့ Azor က ရှင်းပြခဲ့ပါတယ်။

XPS 15 (9575) ကို Radeon RX Vega M GL graphics နဲ့ 4GB HBM2 RAM ပါဝင်တဲ့ 8-generation Intel quad-core i5 နဲ့ i7 processor ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Operating system က Microsoft Windows 10 ဖြစ်ပြီး ၁၅.၆ လက်မ 3,200×1,800 UltraSharp 4K Ultra HD InfinityEdge touch display ကို အသုံးပြုထားပါတယ်။

၁၅ နာရီကြာသုံးနိုင်မယ့် 75Wh ဘက်ထရီနဲ့ edge-to-edge Corning Gorilla Glass 4 အပြင် Thunderbolt 3 port နှစ်ခု၊ USB-C 3.1 port နှစ်ခု၊ microSD card reader တစ်ခု၊ ပါဝါခလုတ်ထဲက optional Windows Hello-compliant fingerprint reader တစ်ခု၊ 802.11ac wireless နဲ့ optional vPro လုပ်ဆောင်ချက်၊ Bluetooth 4.1 နဲ့ Miracast လုပ်ဆောင်ချက်တို့လည်း ပါဝင်လာပါတယ်။

သိုလှောင်မှုပမာဏကိုတော့ 128GB SATA, 256GB PCIe, 512GB PCIe, 1TB PCIe SSD တို့နဲ့ ရရှိနိုင်ပါတယ်။ Docking option တွေမှာတော့ 130W Dell Dock နဲ့ 180W Dell Thunderbolt Dock တို့ပါဝင်ပါတယ်။ Gyroscope, eCompass/magnetometer နဲ့ accelerometer/FFS sensor တို့လည်း ပါဝင်ပါတယ်။

XPS 15 မှာ magnetic maglev keyboard တစ်ခု ပါဝင်သလို အသစ်မိတ်ဆက်ထားတဲ့ Dell Premium Active Pen နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


Dell Premium Active Pen ရဲ့တန်ဖိုးက ၉၉.၉၉ ဒေါ်လာဖြစ်ပြီး ဧပြီ ၆ ရက်မှစတင်ကာ အမေရိကန်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရောင်းချမှုကိုတော့ ဇွန်လ ၁၂ ရက်မှာ စတင်မယ်လို့ သိရပါတယ်။

ဆက်လက်ပြီး Dell က Thunderbolt 3 storage device နှစ်မျိုးကို CES ပြပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ တန်ဖိုးက 500GB အတွက် ၄၃၉ ဒေါ်လာဖြစ်ပြီး 1TB အတွက် ၇၉၉ ဒေါ်လာဖြစ်ပါတယ်။ ဒီ storage device တွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: ZDNet