Xperia 3 ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်

Sony Mobile ဟာ တတိယသုံးလပတ်မှာ ထုတ်ကုန်ရောင်းအား ၃၂ ရာခိုင်နှုန်းပဲ ရှိတော့ပေမယ့် စမတ်ဖုန်းထုတ်လုပ်မှုကတော့ မရပ်တန့်သေးပါဘူး။

Sony Mobile အနေနဲ့ ထုတ်ကုန်သစ်ကို ဖြန့်ချိဖို့ စီစဉ်နေပြီး Xperia 3 လို့ခေါ်ဆိုမယ်လို့ သိရပါတယ်။ ထုတ်ကုန်သစ်မှာ Snapdragon 865 ပါဝင်လာဖွယ်ရှိပါတယ်။ Xperia 3 ရဲ့သရုပ်ဖော်ပုံအသစ်မှာ ရှေ့ဘက်က ညီညာပြန့်ပြူးပြီး ကျောဘက်မှာ အကွေးဒီဇိုင်းကို အသုံးပြုထားပါတယ်။ Xperia 3 ရဲ့ဒီဇိုင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထုတ်လုပ်ခဲ့တဲ့ Xperia Arc နဲ့ဆင်တူပါတယ်။

ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင် CinemaWide panel နဲ့အတူ 21:9 ရုပ်ထွက်အရည်အသွေးအသုံးပြုကာ notch ဒါမှမဟုတ် pop-up mechanism တွေလည်း မပါဝင်ပါဘူး။ မျက်နှာပြင်ကတော့ OLED ဖြစ်ပြီး 90Hz refresh rate ကိုအသုံးပြုဖွယ်ရှိပါတယ်။

Xperia 3 ကိုတင်ပို့ရောင်းချမယ့် ဈေးကွက်တချို့အတွက် 5G ထောက်ပံ့မှုပါဝင်ပြီး ကင်မရာ ၃ လုံးနဲ့ Video Creator feature များစွာလည်း ပါဝင်လာနိုင်ပါတယ်။

စိုးထက်
Ref: GSMArena