၁၉ မိနစ်နဲ့ အားအပြည့်သွင်းပေးနိုင်တဲ့ Xiaomi နည်းပညာ

ပြီးခဲ့တဲ့အပတ်က တရုတ်သတင်းဖော်ထုတ်သူ Digital Chat Station ကတော့ လာမယ့်နှစ်အတွင်း စမတ်ဖုန်းကုမ္ပဏီတွေက 100W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်ကုမ္ပဏီကမှ 100W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့မယ်လို့ အတည်မပြုခဲ့ပါဘူး။ ဒါပေမဲ့ Xiaomi ကတော့ ကမ္ဘာ့ပထမဆုံး 80W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့မယ်လို့ အတည်ပြုလိုက်ပါတယ်။

Xiaomi က 80W ကြိုးမဲ့အားသွင်းစနစ် နည်းပညာက ၁၉ မိနစ်အတွင်း 4,000mAh ဘက်ထရီကို အားအပြည့် ဖြည့်ပေးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ငါးမိနစ်တည်းနဲ့ ဘက်ထရီ ၅၀ ရာခိုင်နှုန်း အထိ အားသွင်းပေးနိုင်ပါတယ်။ Xiaomi ကတော့ 80W အားသွင်းစနစ် ပါဝင်တဲ့ ဖုန်းကိုတော့ မထုတ်ပြန်သေးပါဘူး။ လာမယ့်နှစ်အတွင်း ထွက်လာမယ့် Mi flagship ဖုန်းတစ်မျိုးမှာ ပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: AndroidCentral

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««