Xiaomi Yesoul M1 Smart spinning Bike

အပြင်ထွက် လေ့ကျင့်ခန်းလုပ်စရာမလိုသလို Gym သွားပြီး လည်းလေ့ကျင့်ခန်း လုပ်စရာမလိုတဲ့ Xiaomi Yesoul M1 Smart spinning Bike ဖြစ်ပါတယ်။ ခြေထောက်တွေကို စက်ဘီးနင်း အားကစားကဲ့သိ့် လုပ်ဆောင်နိုင်ရုံသာမက လက်မောင်းနဲ့ ပခုံးများ လေ့ကျင့်ရာမှာလည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။iOS နဲ့ Android OS သုံး Tablet ၊ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး app ကနေတစ်ဆင့် လေ့ကျင့်ခန်းညွှန်ကြားချက်တွေကိုလည်း ကြည့်နိုင်တဲ့အတွက် Personal trainer တစ်ယောက်ခေါ်ထားသလို မှန်ကန်တဲ့ လေ့ကျင့်နည်းတွေကိုလည်းသိနိုင်မှာဖြစ်ပါတယ်။ App ကနေ ကိုယ့်ရဲ့ သွေးခုန်နှုန်း၊ အကွာအဝေး၊ ခံနိုင်ရည်၊ speed နဲ့ ကယ်လိုရီလောင်ကျွမ်းမှု ပမာဏတွေကို သိနိုင်ပါတယ်။ အရွယ်အစားက 1000x 510x 1250 mm ပဲရှိလို့ နေရာစား သက်သာပြီး မိမိ အိပ်ခန်းအတွင်းမှာပဲထားနိုင်ပါတယ်။ အသုံးပြုတဲ့အခါမှာ Rated maximum load အနေနဲ့ 100kg အထိ ခံနိုင်ပါတယ်။ လက်ကိုင်နဲ့ ထိုင်ခုံကိုလည်း 155-188cm အတွင်း ကိုယ်နဲ့အဆင်ပြေသလို အတိုးအလျော့လုပ်လို့ရတဲ့အတွက် သက်သောင့်သက်သာနဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ အသံဆူညံမှုလည်း မရှိပါဘူး ။ ဒါ့အပြင် Weight တုံး ၂ တုံးနဲ့ အခင်းပါ ပါဝင်သေးတာမို့ အခြားလေ့ကျင့်ခန်းတွေပါ တွဲဖက်ပြီးလုပ်ဖို့ အဆင်ပြေပါတယ်။

တန်ဖိုးက ၂၉၃,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ