Xiaomi Wifi Repeater Pro

မိမိရဲ့ နေအိမ် အဆောက်အဦ ၊ စားသောက်ဆိုင်၊ လုပ်ငန်းခွင်အတွင်း WiFi တပ်ဆင်ထားပြီး လိုင်းဆွဲအားအတွက် အဆင်မပြေပါက တပ်ဆင်အသုံးပြုနိုင်မယ့် Xiaomi WiFi Reperter Pro ဖြစ်ပါတယ် ။ လိုင်းစွဲအားကောင်းတဲ့ high-gain external antenna နှစ်ချောင်း ပါဝင်ပါတယ်။ တစ်ပြိုက်နက်တည်းမှာပဲ Devices ၆၄ ခုကို အသုံးပြုနိုင်ပါတယ်။ကြိုးမဲ့အမျိုးအစားဖြစ်ပြီး Wi-Fi Frequency ကို 2.4G အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Router တော်တော်များများနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး Wired Transfer Rate ကတော့ 10/100/1000Mbps ဖြစ်ပါတယ်။ Standards And Protocols ကတော့ Wi-Fi 802.11n ဖြစ်ပါတယ်။ LAN Data Rate နဲ့ 2.4G Wi-Fi Transmission Rate က 300mbps အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး Plug to Play အနေနဲ့ တပ်ဆင်အသုံးပြုနိုင်မှာပါ။ တန်ဖိုးက ၁၉,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ ၊ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ