
Price – 359,000 Ks (6/128GB)
အားသာချက်
စွမ်းဆောင်ရည်ကောင်းမွန်တဲ့ processor ၊ ကျေနပ်စရာ macro ကင်မရာစနစ်၊ NFC နည်းပညာ၊ HDR 10 ထောက်ပံ့ပါဝင်တဲ့ Display ၊ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေနဲ့ ဈေးနှုန်းကလည်း သုံးရတာတန်တယ်လို့ဆိုရမှာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။
အားနည်းချက်
ပြိုင်ဘက်မော်ဒယ်လို Display က 90Hz Display အမျိုးအစားမဟုတ်တာ၊ အလင်းအားနည်းတဲ့အချိန် ရိုက်ကူးမှုဖြစ်တဲ့ Low-light ဓာတ်ပုံအရည်အသွေးပိုင်း သိပ်အားမရတာနဲ့ ဖုန်းရဲ့ကိုထည်က လေးလံပြီး ထူထဲမှုရှိတာက ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုရမှာပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
Redmi Note 9 Pro မှာ Redmi Note 9s နဲ့ Realme 6 Pro တို့လို Qualcomm Snapdragon 720G chipset ကို သုံးထားပြီး Andreno 618 GPU စနစ်၊ RAM 6GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ microSD ကနေ သိုလှောင်မှုပမာဏကို 2TB အထိ တိုးမြှင့်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ 8nm SoC ဖြစ်တဲ့ 720G processor က စွမ်းဆောင်ရည်ပိုင်းအထူးကောင်းမွန်တဲ့ processor ဖြစ်ပြီး GeekBen 5 (multi-core) ရမှတ် ၁၇၈၅၊ နဲ့ AnTuTu 8 ရမှတ် ၂၇၉၆၂၅ ရှိပါတယ်။ ဂရပ်ဖစ်စွမ်းဆောင်ရည်ပိုင်းက 3D ဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာနဲ့ ဆော့ကစားနိုင်မှာဖြစ်ပြီး Note 9 Pro က ပေးရတဲ့ဈေးထက် စွမ်းဆောင်ရည်ပိုင်းက ပိုကောင်းတယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာက ကျယ်လောင် ကောင်းမွန်မှုရှိပေမယ့် အသံထွက်ပိုင်းက သာမန်လိုပဲ ခံစားရပါတယ်။ Xiaomi ရဲ့ နောက်ဆုံးထွက်ဗားရှင်း Android 10 အခြေခံ MIUI 11 ကို အသုံးပြုထားပြီး ဘေးဘက်ဘောင်ထဲက ပါဝါခလုတ်နဲ့အတူ ထည့်သွင်းထားတဲ့ လက်ဗွေစနစ်က မြန်ဆန်မှုရှိသလို ဒီဖုန်းမှာ System wide Dark mode လည်း ထောက်ပံ့ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
၈.၈ မီလီမီတာ အထူရှိပြီး အလေးချိန် ၂၀၉ ဂရမ်ရှိတဲ့ Redmi Note 9 Pro က ထူထဲလေးလံတဲ့ ဖုန်းတစ်လုံးဖြစ်ပေမယ့် လက်ထဲမှာ ကိုင်ရတာအဆင်ပြေအောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုရမှာပါ။ ပရီမီယံဆန်တဲ့ ဒီဇိုင်းက ဆွဲဆောင်မှုရှိပေမယ့် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ ကိုယ်ထည်က လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်အသုံးပြုရ ခက်ခဲမှာပါ။ ကျောဘက်ကင်မရာ ထည့်သွင်းထားတဲ့ ဒီဇိုင်းက လေးထောင့်ကွက်ထဲမှာ ထည့်သွင်းထားတာ နှစ်သက်စရာပါ။ ရှေ့ဘက် punch-hole ကင်မရာကိုတော့က အပေါ်ဘက်ဘောင်မျက်နှာပြင်အလယ်မှာ တပ်ဆင်ထားပြီး ဖုန်းရဲ့ ညာဘက်ဘောင်ထဲက အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေ ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ နားကြပ်ပေါက်တွေ ရှိပါတယ်။ လက်ဗွေစနစ်ကို ပါဝါခလုတ်နဲ့အတူ ထည့်သွင်းထားတာဖြစ်ပါတယ်။ IR စနစ်ကတော့ အပေါ်ဘက် ဘောင်ထဲမှာပါ။
ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၄.၅ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 395 ppi ရှိပါတယ်။ ရှေ့နောက် မျက်နှာပြင်တွေကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး HDR 10 လည်း ထောက်ပံ့ပါဝင်ပါတယ်။ ကာလာပိုင်းစိုပြည်မှု ရှိပေမယ့် display ရဲ့တောက်ပမှုပိုင်းက အမြင့်ဆုံး 460 nits အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Display ရဲ့ ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားမှုရှိသလို ကာလာပိုင်းစိုပြည်ကောင်းမွန်မှုရှိတာ သဘောကျစရာပါ။
ကင်မရာ
|
|
|
|
|
|
|
Redmi Note 9 Pro ရဲ့ ကျောဘက်ကင်မရာ ထည့်သွင်းထားပုံက Redmi Note 8T နဲ့ Note 9s ရဲ့ ဒီဇိုင်းနဲ့ အတူတူပဲဖြစ်ပါတယ်။ ultrawide ကင်မရာ၊ macro ကင်မရာ၊ depth ကင်မရာနဲ့ အဓိက aperture f/1.9 ရှိတဲ့ 64MP ကင်မရာတွေ ပါဝင်ပြီး ကင်မရာစနစ်မှာ PDAF နည်းပညာနဲ့ AF စနစ်တွေထောက်ပံ့ပါဝင်ပါတယ်။ 8MP Ultrawide ကင်မရာက ၁၁၉ ဒီဂရီမြင်ကွင်းကျယ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး 5MP macro ကင်မရာမှာ AF စနစ် ထောက်ပံ့ပါဝင်ပြီး 2MP depth ကင်မရာနဲ့ နောက်ခံဝါးဝါး Portrait ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 64MP ကင်မရာနဲ့ manual အနေနဲ့ ချိန်ညှိရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ Night Mode စနစ် ပါဝင်ပေမယ့် အလင်းအားနည်းအနေအထား ရိုက်ကူးမှုအတွက်တော့ အရမ်းကောင်းမွန်တယ်လို့ မခံစားရပါဘူး။ Redmi Note 9 Pro ရဲ့ ကင်မရာစွမ်းဆောင်ရည်က အလယ်အလတ်တန်းစား ဖုန်းတစ်လုံးအတွက်တော့ ကာလာပိုင်နဲ့ ရုပ်ထွက်ပိုင်းက ကျေနပ်စရာလို့ဆိုရမှာပါ။
ရှေ့ဘက် 16MP selfie ကင်မရာကမှာ Quad-Buyer filter စနစ် ထောက်ပံ့ပါဝင်ပေမယ့် ရုပ်ထွက်က အရမ်းကြီး sharp ဖြစ်တယ်လို့ မခံစားရပါဘူး။ HDR စနစ် ထောက်ပံ့ပါဝင်တဲ့အတွက် ရုပ်ထွက်ပိုင်းက သဘာဝကျတဲ့ ကာလာအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာပါ။ 4K ဗီဒီယိုကို 30fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး 1080p ဗီဒီယိုကို 60/30fps ၊ 720p ဗီဒီယိုကို 950fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုစနစ်အတွက် EIS စနစ်ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
|
|
|
ဒီဖုန်းမှာ 5020mAh ပမာဏ ကြီးမားတဲ့ ဘက်ထရီကို အသုံးပြုထားပြီး အားသွင်းစနစ်က USB Type-C အမျိုးအစား ဖြစ်ပါတယ်။ 30W အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပြီး မိနစ် ၃၀ အတွင်း ဘက်ထရီပမာဏ ၆၀ ရာခိုင်နှုန်းထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဖုန်းပြောတာကို ၄၃ နာရီ ၅၇ မိနစ်၊ အွန်လိုင်းအသုံးပြုတာကို ၁၇ နာရီနဲ့ ၂၃ မိနစ်နဲ့ ဗီဒီယိုအဆက်မပြတ် ကြည့်ရှုမှုကို ၁၆ နာရီနဲ့ ၄၅ မိနစ် အသုံးပြုနိုင်တာက နေ့စဉ် ဖုန်းအသုံးပြုမှုအတွက် လုံလောက်တာထက် ပိုတယ်လို့ ခံစားရပါတယ်။
သုံးသပ်ချက်
Redmi Note 9 Pro က စွမ်းဆောင်ရည်ပိုင်း မြင့်မားမှုရှိတဲ့ ဖုန်းတစ်လုံးပါ။ ဒါပေမဲ့ သူနဲ့ စွမ်းဆောင်ရည်ပိုင်း၊ ဈေးနှုန်းပိုင်း သိပ်မကွာတဲ့ Realme 6 ရဲ့ Display က high refresh rate ရှိတဲ့ 90Hz Display အမျိုးအစား ဖြစ်တာက Note 9 Pro ထက် Realme ကို ပိုရွေးချယ်မိနိုင်တဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ပရီမီယံဆန်ဆန် Gorilla Glass 5 ဖုံးအုပ်ထားတဲ့ ဖန်သားကိုယ်ထည်ဒီဇိုင်း၊ အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ecosystem ပိုင်းကောင်းမွန်လှတဲ့ MIUI စနစ်၊ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံးအတွက် ကျေနပ်စရာ ကင်မရာစွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ Xiaomi Redmi Note 9 Pro ပေးရတဲ့ ဈေးနဲ့ သုံးရတာတန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း