
Price : 369,000 Ks (RAM 6GB/1282GB ROM)
အားသာချက်
သင့်တင့်မျှတတဲ့ ဈေးနှုန်း၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ မြင့်မားကောင်းမွန်တဲ့ 64MP ကင်မရာစနစ်၊ မြန်ဆန်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်တွေက ဒီဖုန်းရဲ့ အားသာချက်ပါ။ ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်တာ ကျေနပ်စရာပါ။
အားနည်းချက်
အချိန်ကြာကြာ ဂိမ်းကစားတဲ့အခါမှာ ဖုန်းကိုယ်ထည် ပူနွေးလာတာနဲ့ အသံပိုင်းမှာ mono စပီကာစနစ်ကိုပဲ သုံးထားပြီး သူ့ရဲ့ MIUI စနစ်မှာ ကြော်ငြာတွေ ပါဝင်လာတာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ဆိုရမှာ ဖြစ်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
ကြီးမားတဲ့ မြင်ကွင်းကျယ် ဖုန်းဒီဇိုင်းက 8 စီးရီးဖုန်းတွေလိုပဲ ဆွဲဆောင်မှုရှိပါတယ်။ ကိုယ်ထည်ကို Gorilla Glass 5 နဲ့ အုပ်ထားပြီး ပိုလီကာဘွန်နိတ် ပလတ်စတစ်ကိုယ်ထည်ကလည်း ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတစ်မျိုးလို့ ပြောလို့ရပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာပဲ ပါဝါနဲ့ အသံအတိုးအကျယ် ခလုတ်တွေကို တပ်ဆင်ထားပြီး ကျောဘက် အလယ်နားမှာ ကင်မရာကို ဒေါင်လိုက်ပုံစံ တပ်ဆင်ထားပါတယ်။ ကင်မရာရဲ့ အောက်ဘက်နားမှာ လက်ဗွေစနစ်ကို တပ်ဆင်ထားပါ တယ်။
၆.၅၃ လက်မရှိတဲ့ IPS LCD အမျိုးအစား IPS LCD display မျက်နှာပြင်က 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈၄.၉ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၂၀၀ ဂရမ် ရှိပြီး ဘက်ထရီကြီးမားတဲ့ အတွက် ဖုန်းကိုင်ရတာကတော့ သိသိသာသာ လေးတယ်လို့ ခံစားရမှာပါ။
စွမ်းဆောင်ရည်
Note 7 Pro တုန်းက Qualcomm Snapdragon 675 ကို သုံးခဲ့ပေမယ့် ဒီဖုန်းမှာ အမြန်နှုန်း 2.0 GHz ရှိတဲ့ Mediatek Helio G90T (12nm) Octa-core processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128 GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Mali-G76 MC4 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာကတော့ mono စပီကာဖြစ်ပါတယ်။ Android 9.0 (Pie) အခြေပြု MIUI 10 အသုံးပြုထားပြီး ဒီမှာ စုံလင်လှတဲ့ လုပ်ဆောင်ချက်တွေအပြင် မျက်နှာနဲ့ ဖုန်းကို unlock လုပ်နိုင်တဲ့ Face unlock လည်းထောက်ပံ့ပါဝင်ပါတယ်။ အချိန်ကြာကြာ ဂိမ်းကစားမှုအတွက် ဖုန်းကိုယ်ထည် အနည်းငယ် ပူနွေးလာတာက သတိပြုစရာပါ။
ကင်မရာ
ကျောဘက်မှာ Apeature f/1.9 ရှိတဲ့ 64MP (wide) ကင်မရာ၊ Apeature f/2.2 ရှိတဲ့ 8MP (ultrawide) ကင်မရာ၊ Apeature f/2.4 ရှိတဲ့ 2MP (macro) ကင်မရာ၊ Apeature f/2.4 ရှိတဲ့ 2MP (depth) ကင်မရာ စုစုပေါင်း ကင်မရာလေးလုံးကို တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ Apeature f/2.0 ရှိတဲ့ 20MP ကင်မရာကို အသုံးပြုထားတာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI နည်းပညာ ထောက်ပံ့ပါဝင်ပြီး နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရှိပေမယ့် ညပိုင်းရိုက်ကူးမှုမျိုးမှာတော့ ဓာတ်ပုံရဲ့ ကာလာပိုင်း မှန်ကန်ကောင်းမွန်ပေမယ့် Focus ပိုင်း ကြည်လင်ပြတ်သားမှု အားနည်းတယ်လို့မြင်ပါတယ်။ 30fps ဗီဒီယိုကို 2160p အရည်အသွေးနဲ့ အမြင့်ဆုံး အသုံးပြုရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF, LED flash, panorama နဲ့ HDR စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
Li-Po 4500mAh ပမာဏဘက်ထရီက ဗီဒီယို ကြည့်တာ၊ ဖုန်းပြောတာ၊ ဓာတ်ပုံရိုက်တာ၊ အွန်လိုင်းအသုံးပြုတာတွေကို ၈ နာရီကျော်ကြာ အသုံးပြုနိုင်တာက မြင်ကွင်းကျယ် ဖုန်းတစ်လုံးအတွက် ကျေနပ်စရာကောင်းလှပါတယ်။ ဘက်ထရီစနစ်အတွက် Quick Charge 4.0 (18W Fast Charging) အားသွင်း မြန်ဆန်တဲ့စနစ် ထောက်ပံ့ပါဝင်ပြီး ၂ နာရီနဲ့ ဖုန်းကို အားအပြည့်သွင်းနိုင်မှာဖြစ်ပါတယ်။
သုံးသပ်ချက်
Redmi Note 8 Pro က အလယ်အလတ် ဖုန်းအမျိုးအစားထဲမှာ ပေးရတဲ့ဈေးနဲ့ စွမ်းဆောင်ရည်ပိုင်းက စိတ်ကျေနပ်စရာကောင်းတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ ကင်မရာစနစ်၊ ကောင်းမွန်တဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာက ကျေနပ်မှုဖြစ်စေမှာပါ။ အချိန်ကြာကြာ အသုံးပြုမှုအတွက် ဖုန်းကိုယ်ထည် အနည်းငယ်ပူနွေးတာနဲ့ UI မှာ ကြော်ငြာတွေပါဝင်လာတာက လွဲရင် မိမိအနေနဲ့ မြင်ကွင်းကျယ်ဖုန်းတွေ စိတ်ဝင်စားတယ်ဆိုရင်၊ ဖုန်းကို ဖုန်းပြောရုံထက် ကင်မရာကောင်းတာ တွေအပြင် ဖုန်းကို မာတီမီဒီယာအတွက် အသုံးပြုချင်သူတွေအတွက် ဘက်ထရီလည်း ကြာကြာအသုံးပြုနိုင်တဲ့ ဒီဖုန်းက ထိပ်တန်းရွေးချယ်စရာပါ။
GSM | LTE |
SIM | Dual Nano-SIM |
Display | IPS LCD capacitive touchscreen, 6.53 inches (19.5:9 ratio) |
OS | MIUI 10_Android 9.0 (Pie) |
CPU | Mediatek Helio G90T (12nm) |
GPU | Mali-G76 MC4 |
Camera | 64 MP (f/1.9) wide + 8MP (f/2.2) ultrawide + 2MP (f/2.4) macro + 2MP (f/2.4) depth, PDAF, LED flash, HDR, panorama; Front 20 MP, f/2.0 |
Battery | Non-removable Li-Po 4500 mAh |
Internal | 128 GB; RAM 6 GB, microSD, up to 256 GB |
Others | Fingerprint (rear-mounted), Fast battery charging (18W), Wi-Fi 802.11 b/g/n,ac, Bluetooth 5.0, USB Yype-C, IR Blaster |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand on | ![]() |
Over all | ![]() |