Xiaomi Redmi Note 4X ကို ဖေဖော်ဝါရီ ၈ ရက်တွင် တရားဝင် မိတ်ဆက်မည်

ရောင်းချခွင့်အတွက် တရုတ်နိုင်ငံ အရည်အသွေး စစ်ဆေးရေးအဖွဲ့ (TENAA) က အသိအမှတ်ပြုထားတဲ့ Xiaomi Redmi Note 4X ကို ဖေဖော်ဝါရီ ၈ ရက်မှာ တရားဝင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းကို တရုတ်ကုမ္ပဏီက Weibo ကနေတစ်ဆင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Xiaomi Redmi Note 4X မှာ Mediatek Helio X20 chipset နဲ့အတူ ၅.၅ လက်မ full HD display ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Snapdragon 653 အမျိုးအစားနဲ့လည်း ရရှိမယ်လို့ ဆိုပါတယ်။ RAM option များအနေနဲ့ 2GB, 3GB, 4GB နဲ့ရရှိနိုင်ပြီး သိုလှောင်မှုပမာဏက 32GB နဲ့ 64GB ဖြစ်ပါတယ်။

ကင်မရာအနေနဲ့ ကျောဘက်မှာ 13MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာ 5MP ဖြစ်ပါတယ်။ ဘက်ထရီက 4,100mAh ဖြစ်ပြီး ကျောဘက်မှာ လက်ဗွေဖတ်စနစ်တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။

Ref: GSMArena