Xiaomi Redmi K30S မိတ်ဆက်

Xiaomi အမှုဆောင်တွေက Redmi K30S အမြည်းမိတ်ဆက်ခဲ့ပြီး အခုဆိုရင် တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဓိက ကင်မရာ 64MP အထိပါဝင်ပြီး Qualcomm Snapdragon 865 chipset အသုံးပြုထားကာ ၆.၆၇ လက်မမှာ 144Hz refresh rate အသုံးပြုထားပါတယ်။ Mi 10T ဖုန်းကို ပြန်လည် ဆန်းသစ်ထားတဲ့ ဖုန်းဖြစ်ပါတယ်။

Redmi K30S နဲ့Mi 10T အကြားကွာခြားချက်ကတော့ RAM 8GB ရှိပြီး storage 128GB ဒါမှမဟုတ် 256GB ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ storage ကတော့ ထပ်ချဲ့လို့ မရပါဘူး။ LCD မျက်နှာပြင်အသုံးပြုထားပြီး ဖုန်းဘေးဘက်မှာ fingerprint scanner ကိုအသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ 20MP ဖြစ်ပါတယ်။ ဖုန်းအချိုးကတော့ 20:9 ရှိပြီး Full HD+ ရုပ်ထွက်အရည်အသွေး ဖြစ်ပါတယ်။ Redmi K30S ကျောဘက်နဲ့ ရှေ့ဘက်မှာ Gorilla Glass 5 ကာကွယ်ပေးထားပါတယ်။

အခြားအချက်အလက်တွေကတော့ အဓိက ကင်မရာ 64MP ရှိပြီး 13MP ultra-wide-angle နဲ့ 5MP macro တို့နဲ့ တွဲဖက်ပေးထားပါတယ်။ ဘက်ထရီကတော့ 5,000mAh ဖြစ်ပြီး 33W အားသွင်းမြန်ဆန်စနစ်ပါဝင်လာပါတယ်။ ဒါ့အပြင် Wi-Fi 6, Bluetooth 5, 5G နဲ့ USB-C port တို့ပါဝင်လာပါတယ်။ Xiaomi Redmi K30S ကိုတော့ အနက်၊ ငွေရောင် တို့နဲ့ ထုတ်လုပ်ထားပြီး ဒေါ်လာ ၃၉၀ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««