Xiaomi Redmi K30 (5G)

စျေးနှုန်း – ၃၅၅,၀၀၀ ကျပ် (8/128GB)

အားသာချက်

120Hz Dispaly ၊ ကောင်းမွန်တဲ့ ဖုန်းစွမ်းဆောင်ရည်နဲ့ ကင်မရာ စွမ်းဆောင်ရည်၊ အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီ၊ 30W အားသွင်းမြန်ဆန်တဲ့ နည်းပညာနဲ့ 5G ဖုန်းတစ်လုံး အတွက် သက်သာတဲ့ ဈေးနှုန်းရှိတာတွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

telephoto ကင်မရာစနစ် မပါဝင်တာ၊ SD ကတ်ထည့်သွင်း အသုံးပြုနိုင်ဖို့ card slot ထောက်ပံ့ မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

စွမ်းဆောင်ရည်

  • Qualcomm SDM765 Snapdragon 765G (7 nm) CPU
  • Adreno 620 GPU
  • 8GB RAM
  • 128GB; no Card slot
  • Android 10, MIUI 11

Redmi K30 5G မှာ မိုဘိုင်းပလက်ဖောင်းအတွက် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Qualcomm ရဲ့ 7-series Snapdragon 765G chipset ကို သုံးထားပြီး ဒီ CPU က GPU ရဲ့ စွမ်းဆောင်ရည်ကို ၄၀ ရာခိုင်နှုန်း အထိ မြှင့်တင်ပေးနိုင်သလို AI စွမ်းဆောင်ရည်ပိုင်းကလည်း ၁၀၀ ရာခိုင်နှုန်းအပြည့် စွမ်းဆောင်နိုင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Andreno 610 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပေမယ့် ဒီဖုန်းမှာ microSD ကတ်ပေါက်တော့ ထည့်သွင်းထားမှု မရှိပါဘူး။ ကနေ သိုလှောင်မှုပမာဏကို 256GB ထပ်မံ တိုးမြှင့် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ 765G processor က Geekbench 4 Multi-core ရမှတ် ၇၉၇၁ ရှိပြီး ဒီရမှတ်က K30 4G ရဲ့ Multi-core ရမှတ် ၇၀၉၅ ထက် ပိုမိုမြင့်မားတဲ့ ရမှတ်ဖြစ်ပါတယ်။ Overall စွမ်းဆောင်ရည်က Xiaomi ရဲ့ Flagship မော်ဒယ်ဖြစ်တဲ့ Mi Mix 3 ရဲ့ စွမ်းဆောင်ရည်နီးပါးကို ပိုင်ဆိုင်ထားပြီး Snapdragon 765G က CPU, GPU, AI နဲ့ ကွန်ရက်ချိတ်ဆက်နိုင်မှုတွေကို ပိုမို ကောင်းမွန်စေတာကလည်း 4G မော်ဒယ်ထက် ပိုပြီး အားသာချက်တွေ ရှိနေစေတာ ဖြစ်ပါတယ်။ ကွန်ရက်အသုံးပြုနိုင်မှုအပိုင်းမှာ 4G မော်ဒယ်ထက် ခု 5G မော်ဒယ်ရဲ့ download speed က ၂၅ ဆ ပိုမိုမြန်ဆန်သလို upload speed က ၇.၅ ဆ ပိုမြန်တာ တွေ့ရပါတယ်။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာက ကျယ်လောင်မှုရှိသလို အသံထွက် အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ Android10 အခြေခံ MIUI11 ကို အသုံးပြုထားပြီး OS စနစ်မှာ စုံလင်တဲ့ လုပ်ဆောင်ချက်တွေပါဝင်သလို dark mode theme လည်း ထောက်ပံ့ပါဝင်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

 

  • Punch-hole dual selfie camera
  • 6.67 inches, IPS LCD display
  • 20:9 aspect ratio
  • Fingerprint (side-mounted)
  • 120Hz Screen refresh rate
  • 208g

Redmi K30 5G က သူ့အရင်ထွက်ခဲ့တဲ့ K30 4G ဒီဇိုင်းအတိုင်းကို 5G ဗားရှင်းအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းအရ ကွာခြားမှုမရှိပေမယ့် အရောင်အနေနဲ့ကတော့ 4G ဗားရှင်းတုန်းက ထုတ်ခဲ့တဲ့ သုံးရောင်စပ်ကာလာ ခရမ်း၊ အပြာ၊ အနီတွေသာ ထုတ်ထားပေမယ့် 5G ဗားရှင်းမှာ အဖြူအနေနဲ့ပါ ရရှိနိုင်ပါတယ်။ တရုတ်စတိုင် Coin ဖုန်းလို့ အမည်ရတဲ့ ကျောဘက်ကင်မရာဒီဇိုင်းနဲ့ ရှေ့ဘက် selfie ကင်မရာနှစ်လုံးကိုတော့ Punch-hole အနေနဲ့ ဖုန်း Display ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေ ရှိပြီး လက်ဗွေစနစ်ကို ပါဝါခလုတ်နဲ့ တွဲဖက်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အောက်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်၊ စပီကာနဲ့ USB အားသွင်းပေါက်တွေရှိမှာ ဖြစ်ပြီး ဆင်းမ်ကတ်ပေါက်ကတော့ ဘယ်ဘက်ဘောင်ထဲမှာပါ။ မြင်ကွင်းကြီးမားတဲ့ ဖုန်းဖြစ်ပေမယ့် လက်ထဲကိုင်ရတာ အံဝင်ခွင်ကျရှိပြီး ၂၀၈ ဂရမ် အလေးချိန်က အနည်းငယ် အလေးချိန်ရှိတယ်လို့ ခံစားရမှာပါ။

၂၀၂၀ မှထွက်တဲ့ ဖုန်းတွေမှာ Display ရဲ့ Screen refresh rate က ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ပြိုင်ရောင်းချမှုအတွက် အဓိကကျတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။ ၆.၆၇ လက်မရှိတဲ့ IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်သလို Screen refresh rate ကိုလည်း 120Hz အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၄.၈ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 395 ppi ရှိပါတယ်။ တောက်ပကောင်းမွန်တဲ့ Screen က နေရောင်အောက် အသုံးပြုမှုအတွက် အဆင်ပြေကောင်းမွန်မှု ရှိပါတယ်။

ကင်မရာ

  • Standard: 64MP (wide), f/1.9, PDAF
  • 8MP, f/2.2 (ultrawide)
  • 5MP, f/2.4 (macro)
  • 2MP, f/2.4 (depth)
  • Dual Selfie : 20MP, f/2.0 (wide) + 2MP, f/2.4 (depth)
  • Video : 4K@30fps, 1080p@30fps/120fps, 720p@960fps
  • Dual-LED flash, HDR, Panorama

Redmi K30 စီးရီးက 64MP ကင်မရာပါဝင်တဲ့ ပထမဆုံးသော ကင်မရာအမျိုးအစား မဟုတ်ပေမယ့် ကမ္ဘာ့ပထမဆုံး ၆၄ မီလီယံ pixels အထိ ထောက်ပံ့ပေးနိုင်တဲ့ Sony IMX686 sensor သုံးထားတဲ့ ဖုန်းဖြစ်ပါတယ်။ ကျောဘက်မှာ aperture f/1.9 ရှိတဲ့ 64MP အဓိက ကင်မရာ၊ ၁၂၀ မြင်ကွင်းကျယ် 8MP ultrawide ကင်မရာ၊ 5MP macro ကင်မရာနဲ့ 2MP depth ကင်မရာတွေ တပ်ဆင်ထားပြီး ကင်မရာမှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ macro ကင်မရာက 4G မော်ဒယ်မှာတုန်းက 2MP အမျိုးအစားကို အသုံးပြုထားတာဖြစ်ပြီး 5G မော်ဒယ်မှာ 5MP ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ နေ့ဘက် ရိုက်ကူးမှုအတွက် အဓိက ကင်မရာရဲ့ရုပ်ထွက် ကောင်းမွန်ပြီး detail ၊ sharpness ပိုင်းနဲ့ ကာလာပိုင်းကလည်း သဘာဝကျလှပါတယ်။ Tele photo ကင်မရာ မပါဝင်ပေမယ့် 0.6x, 1x, 2x ပုံတွေအနေနဲ့ ဒီဂျစ်တယ် zoom အနေနဲ့ ဆွဲယူရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Low-light ဓာတ်ပုံရိုက်ကူးမှုနဲ့ ညပိုင်းရိုက်ကူးမှုက အလယ်အလတ်ဖုန်းတစ်လုံး အတွက် ကြည်လင်ပြတ်သားမှုရှိတာ နှစ်သက်စရာကောင်းလှပါတယ်။

ရှေ့ဘက် 20MP + 2MP Dual selfie ကင်မရာရဲ့ ရုပ်ထွက်ပိုင်း ကောင်းမွန်သလို Selfie portrait ရဲ့ blur က သဘာဝကျတယ်လို့ ခံစားရပါတယ်။ ဗီဒီယိုအနေနဲ့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး 1080p ဗီဒီယိုကို 30fps/120fps၊ 720p ဗီဒီယိုကို 960fps အနှေးရိုက်ချက်တွေအနေနဲ့ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုစနစ်အတွက် gyro-EIS စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီ

  • Li-Po 4500mAh
  • 30W Fast Charging
  • USB Type-C 2.0, USB On-The-Go

ဒီဖုန်းမှာ 4500mAh ပမာဏ ဘက်ထရီစနစ်ကို ထည့်သွင်းထားပြီး 30W အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ အားသွင်းပေါက်ကတော့ Type-C အမျိုးအစား ဖြစ်ပါတယ်။ ဘက်ထရီ ၉၅ ရာခိုင်နှုန်းမှာ Screen တောက်မမှု ၇၀ ရာခိုင်နှုန်းနဲ့ အသံ ၂၀ ရာခိုင်နှုန်း ထားပြီး အွန်လိုင်းကနေ ဗီဒီယို တစ်နာရီကြာ ကြည့်ရှုမှုအတွက် ဘက်ထရီက ၁၁ ရာခိုင်နှုန်းပဲ ကုန်တာတွေ့ရပါတယ်။ 30W အားသွင်းစနစ်ကလည်း ၂၁ ရာခိုင်နှုန်း ရှိတဲ့ ဖုန်းကို ၈၆ ရာခိုင်နှုန်းထိ မိနစ် ၃၀ အတွင်း အားသွင်းပေးနိုင်ပါတယ်။ Xiaomi က ၀-၁၀၀ ရာခိုင်နှုန်းကို ၅၇ မိနစ်နဲ့ သွင်းပေးနိုင်တယ်လို့ ဆိုထားတဲ့အတိုင်း အသုံးပြုနိုင်တာ သဘောကျစရာပါ။

သုံးသပ်ချက်

5G ဖုန်းသုံးချင်သူတွေအတွက် Xiaomi K30 5G က ဝယ်ရင်မှန်ပြီး သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးပါ။ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကျေနပ်စရာ ကင်မရာစနစ်၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှု စတာတွေက ဖုန်းဝယ်ယူမယ့်သူတွေကို အထူးဆွဲဆောင်နိုင်တဲ့ အချက်တွေလို့ ဆိုရမှာပါ။ Telephoto ကင်မရာ မပါတာနဲ့ အချက်အလက် သိုလှောင်နိုင်မှုကို တိုးမြှင့်သုံးနိုင်မယ့် SD ကတ်ပေါက် မပါတာက လွဲရင် ဒီဇိုင်းလှပသလို မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဈေးနှုန်းသင့်တင့်တဲ့ K30 5G က အထက်မှာ ပြောခဲ့သလိုပဲ ပေးရတဲ့ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမယ့် ဖုန်းတစ်လုံးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

  • Display 
  • Performance 
  • Camera 
  • Battery
  • Hand On
  • Over All

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««